“၂၀၂၆ Ballon d'Or ဆုကို အမ်ဘာပေ ရရှိလိမ့်မယ်လို့ ခန့်မှန်းခဲ့တဲ့ ဆက်ဂ်ညာ”
28 Jan
၂၀၂၆ Ballon d'Or ဆုကို ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေ ရရှိလိမ့်မယ်လို့ အာဆင်နယ်အသင်းနဲ့ ပြင်သစ်နောက်ခံလူဟောင်း ဆက်ဂ်ညာ က ခန့်မှန်းခဲ့ပါတယ်။ အမ်ဘာပေ ဟာ Ballon d'Or ဆုမှာ အကောင်းဆုံးရပ်တည်မှုအဖြစ် ၂၀၂၁ ခုနှစ်က တတိယနေရာ ရရှိခဲ့ပြီး ၂၀၂၅ ခုနှစ်မှာတော့ အဆင့်ခုနစ်နေရာသာ ရရှိခဲ့ပါတယ်။ ၂၀၂၆ Ballon d'Or ဆုအတွက် ချန်ပီယံလိဂ်နဲ့ ပြည်တွင်းပြိုင်ပွဲတွေအပြင် ကမ္ဘာ့ဖလားပါရှိနေလို့ ပြိုင်ဆိုင်မှုပြင်းထန်မယ့် အနေအထားဖြစ်ပါတယ်။ အမ်ဘာပေ ဟာ ဆယ်ကျော်သက်ဘဝက ၂၀၁၈ ကမ္ဘာ့ဖလားမှာ ပြင်သစ်အသင်းနဲ့အတူ ဗိုလ်စွဲခဲ့ပေမယ့် ပြည်တွင်းရလဒ်မကောင်းလို့ စတုတ္ထနေရာသာ ရရှိခဲ့ပါတယ်။ အမ်ဘာပေ အနေနဲ့ ၂၀၂၆ ဆုအတွက် ဟာလန်း၊ ဟာရီကိန်း၊ ယာမယ် တို့နဲ့ အပြိုင်လု ရဖွယ်ရှိနေပါတယ်။ ၂၀၂၅ Ballon d'Or ဆုကိုတော့ ပြင်သစ်တိုက်စစ်ကစားသမား အူစမန်ဒမ်ဘီလီ က ဆွတ်ခူးခဲ့ပါတယ်။ (NVS 008)
28 Jan