“ဆော်ဒီပရိုလိဂ်ချန်ပီယံဆုအတွက် အပြည့်အ၀ အာရုံစိုက်ထားဖို့ တိုက်တွန်းခဲ့တဲ့ စီရော်နယ်လ်ဒို”
28 Jan
အယ်လ်နာဆာအသင်းခေါင်းဆောင် ခရစ္စတီယာနိုရော်နယ်လ်ဒို က ဆော်ဒီပရိုလိဂ်ချန်ပီယံ ရည်မှန်းချက် အတွက် အပြည့်အဝအာရုံစိုက်ထားဖို့ တိုက်တွန်းခဲ့ပါတယ်။ အယ်လ်နာဆာအသင်းဟာ အယ်လ်တာဝန်အသင်းကို ၁ ဂိုး၊ ဂိုးမရှိနဲ့အနိုင်ရရှိခဲ့ပြီးနောက် ထိပ်ဆုံးက အယ်လ်ဟီလာအသင်းနဲ့ လေးမှတ်အကွာကို ပြန်ရောက်လာခဲ့ပါတယ်။ စီရော်နယ်လ်ဒိုအနေနဲ့ အရှေ့အလယ်ပိုင်းကို ရောက်ရှိလာခဲ့ပြီးနောက် အခုနှစ်မှာ အမှတ်ပေးချန်ပီယံဆုကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ဖို့ မျှော်လင့်ချက်ထားနေတာဖြစ်ပါတယ်။ စီရော်နယ်လ်ဒိုဟာ မကြာသေးခင်ကမှ ကစားသမားဘဝ ဂိုးပေါင်း ၉၆၀ ပြည့်မြောက်ခဲ့ပြီး အခုရာသီဆော်ဒီလိဂ်မှာလည်း ၁၆ ဂိုးသွင်းကာ ဂိုးအများဆုံး စာရင်းမှာ ဦးဆောင်နေပါတယ်။ (NVS 008)
28 Jan