“ဘာစီလိုနာအကယ်ဒမီကစားသမားကို တရားဝင်မိတ်ဆက်ခဲ့တဲ့ PSG အသင်း”
28 Jan
PSG အသင်းက ဘာစီလိုနာအသင်းက အကယ်ဒမီကစားသမား ဒရိုဖာနန်ဒက်ဇ် ကို အသင်းကစားသမားသစ် အဖြစ် တရားဝင်မိတ်ဆက်ခဲ့ပါတယ်။ အသက် ၁၈ နှစ်သာရှိတဲ့ ဒရိုဖာနန်ဒက်ဇ် ဟာ PSG အသင်းနဲ့ ၂၀၃၀ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ဒရိုဖာနန်ဒက်ဇ် ရဲ့ပြောင်းရွှေ့ကြေးကတော့ ယူရို ရှစ်သန်းဝန်းကျင်ရှိမယ်လို့ သတင်းတွေက ဖော်ပြနေကြ ပါတယ်။ ဒရိုဖာနန်ဒက်ဇ် ဟာ နွေရာသီကာလ အာရှခရီးစဉ်မှာ ပါဝင်ခဲ့ပြီး အသင်းကြီးနဲ့အတူ အခုရာသီ လာလီဂါနဲ့ ချန်ပီယံလိဂ်မှာ ပွဲထွက်ခွင့် ရရှိခဲ့ပါတယ်။ ဒရိုဖာနန်ဒက်ဇ် က ပွဲကစားခွင့်ပိုမိုရရှိရေးအတွက် အသင်းပြောင်းတော့ မယ်လို့ ပြောကြားခဲ့ပြီးနောက် သူ့ရဲ့ဆန္ဒကို အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။ ဥရောပထိပ်တန်းကလပ်တွေက သူ့ကို စိတ်ဝင်စားခဲ့ကြပေမဲ့ PSG က လက်ဦးမှု ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ (NVS 008)
28 Jan