“တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) သက်တမ်း (၁၂ဝ) ပြည့် နှစ်ပတ်လည်ပွဲတော်နှင့် ဈေးရောင်းပွဲတော် ငါးရက်တိုင် ကျင်းပမည်”
28 Jan
တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) သက်တမ်း(၁၂၀)ပြည့် နှစ်ပတ်လည်ပွဲတော်နှင့် ဈေးရောင်းပွဲတော်ကို ငါးရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ပွဲတော်ဖွင့်ပွဲကို ဇန်နဝါရီလ ၃၁ ရက်တွင် ကျင်းပသွားမှာဖြစ်ပြီး ဈေးရောင်းပွဲတော်ကို ဖေဖော်ဝါရီလ ၁ ရက်မှ ၄ ရက် အထိကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ နှစ်ပတ်လည်ပွဲတော်တွင် တိရစ္ဆာန်ပြကွက်များ၊ ဗဟုသုတဆိုင်ရာ ဖျော်ဖြေရေးအစီအစဉ်များနှင့် ပညာပေး ပြခန်းများကို ပြသမည့်အပြင် ဈေးရောင်းပွဲတော်တွင် လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် ဆေးဝါးများကိုရောင်းချခြင်းများပါဝင်သွားမှာဖြစ်ပါတယ်။ လက်ရှိတွင် တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)၌ တွားသွားသတ္တဝါ၊ နို့တိုက်သတ္တဝါနှင့်ကျေးငှက်ဟူ၍ တိရစ္ဆာန် မျိုးစိတ် သုံးခုရှိ အကောင်ရေ ၁,၄၀၀ ကျော်ရှိပြီး ၎င်းတိရစ္ဆာန်များကို ပြကွက် ၅၈ ကွက်ဖြင့် ပြသထားလျက် ရှိပါတယ်။ တိရစ္ဆာန်ဥယျာဉ်ကို နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိဖွင့်လှစ်ထားရှိပြီး ဝင်ကြေးမှာ လူကြီး တစ်ဦးလျှင် ငွေကျပ် ၃,၀၀၀၊ ကလေးတစ်ဦးလျှင် ငွေကျပ် ၂,၀၀၀ သတ်မှတ်ထားကာ နိုင်ငံခြားခရီးသွားဧည့်သည် လူကြီးတစ်ဦးလျှင်ငွေကျပ် ၁၀,၀၀၀ နှင့် နိုင်ငံခြားခရီးသွားကလေးတစ်ဦးလျှင် ငွေကျပ် ၇,၀၀၀ သတ်မှတ် ထားကြောင်းသိရပါတယ်။ (NVS 004)