“မွေးမြူရေးဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲကျင်းပမည်”
28 Jan
မွေးမြူရေးသုတေသနဦးစီးဌာနက ဦးစီးဌာနဖွင့်လှစ်တည်ထောင်သည့် ၄ နှစ် ပြည့်မြောက် အထိမ်းအမှတ် အနေနဲ့ “မွေးရေကဏ္ဍဖွံ့ဖြိုးတိုးတက်ဖူလုံဖို့ သုတေသနပြု အားပေးလက်တွဲဆောင်ရွက်စို့” ခေါင်းစဉ်ဖြင့် မွေးမြူရေး ဆိုင်ရာ စာတမ်းဖတ်ပွဲကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာနမှ သိရပါတယ်။ အဆိုပါသုတေသနစာတမ်းဖတ်ပွဲသို့ ရေရှည်တည်တံ့စေမည့် မွေးမြူထုတ်လုပ်ရေး နည်းစနစ်ဆိုင်ရာများ၊ ဈေးကွက်ဝင် တန်ဖိုးမြှင့်မွေးမြူရေးထုတ်ကုန်ဆိုင်ရာများ၊ တိရစ္ဆာန်အစာနှင့် အာဟာရဗေဒဆိုင်ရာများ၊ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာများ၊ မွေးမြူရေးအခြေပြုလူမှု စီးပွားရေးဆိုင်ရာနယ်ပယ်များမှ သုတေသနစာတမ်း များကို ဖေဖော်ဝါရီလ ၁၈ ရက် နောက်ဆုံးထား၍ တင်သွင်းနိုင်ပါကြောင်း ဖိတ်ခေါ်ထားပါတယ်။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဝန်ကြီးဌာန၏ Website- www.moali.gov.mm နှင့် ဦးစီးဌာန၏ Website- https://www.dlar.moali.gov.mm တို့တွင်လည်းကောင်း၊ ဒေါက်တာ ဆောဘောမ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ဖုန်း ၀၉-၂၅၀၂၀၅၉၉၀၊ email- [email protected] နှင့် ဒေါက်တာသန်းသန်းဆင့်၊ ညွှန်ကြားရေးမှူး၊ ဖုန်း ၀၉-၉၇၂၉၁၅၈၅၀၊ email- [email protected] တို့ထံ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရပါတယ်။ (NVS 004)