“လက်ရှိချန်ပီယံ မက်ဒီဆင်ကီးစ် ကို အနိုင်ယူကာ ကွာတားဖိုင်နယ်ကို တက်ရောက်ခဲ့တဲ့ ပီဂူလာ”
27 Jan
အမေရိကန်တင်းနစ်မယ် ပီဂူလာ ဟာ ဩစတြေးလျအိုးပင်း စတုတ္ထအဆင့်မှာ တစ်နိုင်ငံတည်းသူဖြစ်သလို သူငယ်ချင်းလည်းဖြစ်တဲ့ မက်ဒီဆင်ကီးစ် ကို အနိုင်ယူပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ အမေရိကန် တင်းနစ်မယ် ၂ ယောက် ထိပ်တိုက်ဆုံတဲ့ပွဲစဉ်မှာ ၇၈ မိနစ်သာကြာမြင့်ခဲ့ပြီး ပွဲအပြီးမှာ ပီဂူလာ က ၆: ၃၊ ၆ : ၄ ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ အခုပြိုင်ပွဲမှာ ဆီဒင်အဆင့် (၆) ရထားတဲ့ ပီဂူလာ ကတော့ အခုနှစ်ပြိုင်ပွဲမှာ ပြိုင်ဘက်တွေကို ၂ ပွဲပြတ်တွေနဲ့ အနိုင်ရမှုကို အခုပွဲမှာလည်း ဆက်ထိန်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ဗိုလ်လုပွဲမှာ ဆာဘာလန်ကာ ကို အနိုင်ယူပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ မက်ဒီဆင်ကီးစ် က အခုနှစ်ပြိုင်ပွဲမှာ စတုတ္ထအဆင့်ကနေထွက်ခဲ့ရပေမယ့် သူမရဲ့လက်စွမ်းကိုတော့ ကျေနပ်တယ်လို့ ပြောကြားသွားပါ တယ်။ ကွာတားဖိုင်နယ်အဆင့်မှာ အမေရိကန်တင်းနစ်မယ် ပီဂူလာ ဟာ ဩစတြေးလျအိုးပင်းပြိုင်ပွဲမှာ ပထမဆုံး အကြိမ်အဖြစ် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်လာတဲ့ ဆီဒင်အဆင့် (၄) အမေရိကန်တင်းနစ်မယ် အန်နီစီမိုဗာ နဲ့ ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ (NVS 008)