“ဟာရီကိန်း ကို စာချုပ်သက်တမ်းတိုးဖို့ စတင်ဆွေးနွေးနေတဲ့ ဘိုင်ယန်အသင်း”

27 Jan

ဘိုင်ယန်မြူးနစ်အသင်းက တိုက်စစ်မှူး ဟာရီကိန်း ကို စာချုပ်သက်တမ်းတိုးဖို့ စတင်ဆွေးနွေးနေပြီလို့ အတည်ပြုခဲ့ပါတယ်။ ဘိုင်ယန်အားကစားဒါရိုက်တာ မက်အယ်ဘယ်လ် က ဟာရီကိန်း နဲ့ ဆွေးနွေးနေတယ်လို့ ဖွင့်ဟပြောကြား ခဲ့ပါတယ်။ အသက် ၃၂ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဟာရီကိန်း ဟာ ၂၀၂၃ ခုနှစ် သြဂုတ်လက စပါးအသင်းကနေ ဘိုင်ယန်အသင်းကို ရောက်ရှိလာခဲ့ပြီး လာမယ့် ၂၀၂၇ ခုနှစ်နွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်တယ်။ ဟာရီကိန်း ရဲ့ လက်ရှိစာချုပ်လျော်ကြေးက အခုလအတွင်းမှာ ပေါင် ၅၄ သန်းပဲ ရှိပါတော့တယ်။ မကြာသေးခင်လများကလည်း ဟာရီကိန်း အနေနဲ့ ပရီးမီးယားလိဂ်ကို ပြန်ဖို့များတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပြီး ၎င်းဟာ အခုရာသီအတွင်း ဘိုင်ယန်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲ ၃၀ မှာ သွင်းဂိုး ၃၄ ဂိုး သွင်းယူပေးထားပါတယ်။ (NVS 008)

27 Jan

ADVERTISE HERE .