“ချဲလ်ဆီးအသင်းရဲ့ ပေးဂိုးအနည်းဆုံးစံချိန်ကို ချိုးနိုင်မယ့်အသင်းမရှိသေး”

27 Jan

ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ တစ်ရာသီအတွင်း ပေးဂိုးအနည်းဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ထားတဲ့ ချဲလ်ဆီး အသင်းရဲ့ စံချိန်ဟာဒီရာသီမှာလည်း ချိုးဖျက်နိုင်မယ့်အသင်း မရှိတော့တာကြောင့် ဆက်လက်တည်မြဲသွားခဲ့ကြောင်း သိရပါတယ်။ အာဆင်နယ်အသင်းဟာ မန်ယူအသင်းကို ၂ ဂိုး ၃ ဂိုးနဲ့ ရှုံးနိမ့်မှုအပြီးမှာ ချဲလ်ဆီးအသင်းရဲ့ စံချိန်ကို လိုက်မီရန်ခက်ခဲခဲ့တာဖြစ်ပါတယ်။ ဒီရာသီမှာ အာဆင်နယ်အသင်းက မန်ယူနဲ့ပွဲ မကစားခင် ပေးဂိုး ၁၄ ဂိုးသာရှိခဲ့ပေမဲ့ မန်ယူနဲ့ပွဲမှာသွင်းဂိုး ၃ ဂိုးပေးခဲ့ရတာကြောင့် ပေးဂိုး ၁၇ ဂိုးဖြစ်သွားခဲ့ပြီး ချဲလ်ဆီးအသင်းရဲ့ စံချိန်ကို ချိုးဖျက်နိုင်ခြင်း မရှိတော့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းက ၂၀၀၄-၀၅ ရာသီမှာ ပေးဂိုး ၁၅ ဂိုးသာ ရှိခဲ့ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် တစ်ရာသီအတွင်း ပေးဂိုးအနည်းဆုံးအသင်းအဖြစ် စံချိန်တင်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ (NVS 008)

27 Jan

ADVERTISE HERE .