“ပါကွီတာ ကို ပေါင် ၃၅ သန်းနဲ့ ထပ်မံကမ်းလှမ်းခဲ့တဲ့ ဖလာမင်ဂိုအသင်း”

27 Jan

ဘရာဇီးလ်ကလပ် ဖလာမင်ဂိုအသင်းဟာ ဝက်စ်ဟမ်းအသင်းက ဘရာဇီးလ်လက်ရွေးစင် တိုက်စစ် ကစားသမား ပါကွီတာ ကို ပေါင် ၃၅ သန်းနဲ့ ထပ်မံကမ်းလှမ်းလိုက်ကြောင်း သိရပါတယ်။ အသက် ၂၈ နှစ်အရွယ် ပါကွီတာ ဟာ ဖလာမင်ဂိုအသင်းရဲ့ လူငယ်ကစားသမားဟောင်းတစ်ယောက်ဖြစ်ပြီး အေစီမီလန်အသင်းနဲ့ လိုင်ယွန်အသင်းတွေကနေတစ်ဆင့် ဝက်စ်ဟမ်းအသင်းကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဝက်စ်ဟမ်းအသင်းက ၂၀၂၂ နွေရာသီမှာ ပါကွီတာ ကို ပေါင်သန်း ၅၀ နဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတာကြောင့် စာချုပ်သက်တမ်း ၁၈ လ ကျန်ရှိနေပါတယ်။ ပါကွီတာ က အသင်းဟောင်း ဖလာမင်ဂိုအသင်းမှာ ပြန်လည်ကစားချင်နေသလို ဖလာမင်ဂိုအသင်းကလည်း ခေါ်ယူချင်တာကြောင့် စျေးတိုးမြှင့်ကမ်းလှမ်းခဲ့တာဖြစ်ပြီး အပြောင်းအရွှေ့ဖြစ်မြောက်ဖို့လည်း အလားအလာများ နေပါတယ်။ ပါကွီတာ ဟာ ဝက်စ်ဟမ်းအသင်းအတွက် ၁၃၉ ပွဲကစားကာ ၂၃ ဂိုးသွင်းယူပေးခဲ့ပြီး ၂၀၂၂-၂၃ ရာသီမှာ ကွန်းဖရန့်လိဂ်ချန်ပီယံဆု ရယူနိုင်ခဲ့ပါတယ်။ (NVS 008)

27 Jan

ADVERTISE HERE .