“အင်ဒိုနီးရှားက Rafale တိုက်လေယာဉ်များ ပထမဆုံးအသုတ်လက်ခံရရှိ”

27 Jan

အင်ဒိုနီးရှားနိုင်ငံသည် ပြင်သစ်နိုင်ငံမှ မှာယူထားသည့် Rafale အဆင့်မြင့်ဘက်စုံသုံး တိုက်လေယာဉ်များ အနက် ပထမဆုံး အသုတ်ကိုလက်ခံရရှိပြီဖြစ်ကြောင်း အစိုးရ တာဝန်ရှိသူတစ်ဦးကပြောသည်။ ယခု လေယာဉ်များ ရောက်ရှိလာခြင်းသည် အင်ဒိုနီးရှားလေတပ်၏ ကာကွယ်ရေး စွမ်းရည်ကိုမြှင့်တင်ရန်နှင့် ခေတ်မီစစ် လက်နက် ပစ္စည်းများ အစားထိုးလဲလှယ်ရန် ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းဖြစ်သည်။ အင်ဒိုနီးရှားအစိုးရသည် ပြင်သစ်နိုင်ငံ Dassault Aviation မှ Rafale တိုက်လေယာဉ်စုစုပေါင်း ၄၂ စင်း ဝယ်ယူရန် ၂ဝ၂၂ ခုနှစ်တွင် သဘောတူညီချက်ရရှိခဲ့ခြင်းဖြစ်သည်။ ထိုသဘောတူညီချက်အရ ပထမဆုံး လေယာဉ် သုံးစင်းရောက်ရှိလာခြင်းဖြစ်ကာ ကျန်ရှိသည့်လေယာဉ်များကိုလည်း ယခုနှစ်အတွင်း ဆက်လက်လွှဲပြောင်းပေး သွားမည်ဖြစ်သည်။ ယခုတိုက်လေယာဉ်များသည် အင်ဒိုနီးရှားလေတပ်ရှိ သက်တမ်းရင့်နေသော လေယာဉ်များနေရာ၌ အစားထိုး တာဝန်ထမ်းဆောင်သွားမည်ဖြစ်သည်။ ကာကွယ်ရေးဝန်ကြီးဌာနသည် နိုင်ငံ၏ကာကွယ်ရေး အင်အားတောင့်တင်း စေရန် Rafale တိုက် လေယာဉ်များအပြင် အခြားခေတ်မီ စစ်လက်နက်ပစ္စည်းများကိုလည်း နိုင်ငံတကာမှ ဝယ်ယူရေး ကြိုးပမ်းလျက်ရှိကြောင်း ST သတင်းဌာနဖော်ပြချက်အရ သိရသည်။

27 Jan

ADVERTISE HERE .