“ကမ္ဘာလုံးဆိုင်ရာဗုဒ္ဓညီလာခံဖွင့်ပွဲကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ တက်ရောက်”

27 Jan

အိန္ဒိယနိုင်ငံ၊ ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် International Buddhist Confederation တို့ပူးပေါင်း၍ ဒုတိယ အကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာဗုဒ္ဓညီလာခံဖွင့်ပွဲကို ဇန်နဝါရီလ ၂၄ ရက်နံနက်ပိုင်းက နယူးဒေလီမြို့မှာကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ တက်ရောက်ခဲ့ပါတယ်။ အဆိုပါအခမ်းအနားကို “Collective Wisdom, United Voice, and Mutual Coexistence” ဆောင်ပုဒ်နဲ့ ကျင်းပခြင်းဖြစ်ကာ ဒု-ဝန်ကြီးဒေါ်နုမြဇံနှင့် ကိုယ်စား လှယ်အဖွဲ့ဝင်များက “Collective Wisdom and United Voice of Social Harmony”ခေါင်းစဉ်အောက်တွင်ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။ ဒါ့အပြင် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဦးမှလည်း အိန္ဒိယနိုင်ငံ၊ International Buddhist Confederation ၏ဖိတ်ကြားချက်အရ ဖွင့်ပွဲအခမ်းအနားတက်ရောက်ခဲ့ပါတယ်။ အဆိုပါအခမ်းအနားမှာ အိန္ဒိယနိုင်ငံ၊ ယဉ်ကျေးမှုဝန်ကြီးဌာနဝန်ကြီး H.E. Mr. Shri Gajendra Singh Shekhawat နှင့် ပါလီမန်ရေးရာဝန်ကြီးဌာနဝန်ကြီး H.E. Mr. Shri Kiren Rijiju တို့ကအမှာစကားများပြောကြားခဲ့ကြကြောင်း သိရပါတယ်။ ပထမအကြိမ် ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓညီလာခံကို ၂၀၂၃ ခုနှစ် ဧပြီ ၂၀ ရက်နှင့် ၂၁ ရက်တို့က အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင်ကျင်းပခဲ့ကာ မြန်မာနိုင်ငံမှ သီတဂူဆရာတော်ကြီးဦးဆောင်တဲ့ ဆရာတော်များ တက်ရောက် တော်မူခဲ့ကြပြီး အိန္ဒိယနိုင်ငံဝန်ကြီးချုပ်မှလည်း အထူးဧည့်သည်တော်အဖြစ်တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ (NVS 004)

27 Jan

ADVERTISE HERE .