“နိုင်ငံတော် ယာယီသမ္မတမှ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးကို လက်ခံတွေ့ဆုံ”
27 Jan
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တာဝန်ပြီးဆုံး၍ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visiststump ကို ဇန်နဝါရီလ ၂၆ ရက်မွန်းလွဲပိုင်းက လက်ခံတွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံစဥ် မြန်မာ-ထိုင်း နှစ်နိုင်ငံသံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရေးဆိုင်ရာများ၊ မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲကို နိုင်ငံတကာမှရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များနှင့်အတူ ထိုင်းနိုင်ငံ၏ ပါဝင်လေ့လာခဲ့ မှုနှင့် မဲဆန္ဒရှင်များအနေနဲ့ မည်သည့်တိုက်တွန်းချက်မှမပါဘဲ ၎င်းတို့၏ ကိုယ်ပိုင်သဘောဆန္ဒအလျောက်လာရောက် ဆန္ဒမဲများပေးကြသည်ကိုတွေ့ရှိရမှု၊ ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ၊ သန့်ရှင်းတဲ့ ရွေးကောက်ပွဲအဖြစ်ကျင်းပနိုင်ခဲ့မှုတို့ကို ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံကုန်သွယ်မှု၊ ကုန်စည်စီးဆင်းမှုများ ပြန်လည်ကောင်းမွန်ရေးအတွက် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို နှစ်နိုင်ငံအစိုးရနှင့်တပ်မတော်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်ရန်လိုအပ်မှု၊ အွန်လိုင်း လိမ်လည်လောင်းကစားမှုများနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို မြန်မာနိုင်ငံအစိုးရအနေနဲ့ အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူ၍ အင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိမှုတို့ကို ဆွေးနွေးခဲ့ကြပါတယ်။ နှစ်နိုင်ငံနယ်စပ်ဒေသပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိမှုကို ဆွေးနွေးခဲ့ကြ ပါတယ်။ (NVS 004)