"မြန်မာ-ပါကစ္စတန်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကြား မူဝါဒရေးရာညှိနှိုင်းဆွေးနွေးပွဲတည်ထောင်ခြင်း ဆိုင်ရာအစီအစဉ်ကို လက်မှတ်ရေးထိုး”
27 Jan
မြန်မာ-ပါကစ္စတန်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကြား မူဝါဒရေးရာညှိနှိုင်းဆွေးနွေးပွဲနှင့် တည်ထောင်ခြင်း ဆိုင်ရာအစီအစဉ်ကို ဇန်နဝါရီလ ၂၆ ရက်က နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် ပါကစ္စတန် နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာမိုဟာမက် အီရှပ်ဒါးတို့ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ က ပါကစ္စတန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးမစ္စတာ မိုဟာမက် အီရှပ်ဒါး ၏ ဖိတ်ကြားချက်အရ ပါကစ္စတန်နိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေစဥ် နှစ်နိုင်ငံ အစည်းအဝေးကျင်းပခဲ့ပြီးနောက် လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ပါတယ်။ ဒါ့အပြင်အစည်းအဝေးမှာ မြန်မာ-ပါကစ္စတန် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများကြား ပူးပေါင်း ဆောင်ရွက်ရေး၊ နှစ်နိုင်ငံကြား စီးပွားရေး၊ စိုက်ပျိုးရေး၊ မွေးမြုရေး၊ ကုန်စည်ထုတ်လုပ်ရေးနှင့် ကုန်သွယ်ရေး ကဏ္ဍများမှာ ပူးပေါင်းဆောင်ရွက်ရေး၊ နည်းပညာ၊ ကျန်းမာရေးနှင့် ယဉ်ကျေးမှုကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်ရေး နှင့် ကုလသမဂ္ဂ၊ အာဆီယံ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO)၊ အာဆီယံ ဒေသဆိုင်ရာဖိုရမ်(ARF)တို့ အပါအဝင် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများမှာ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီနောက် ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် ပါကစ္စတန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာမိုဟာမက် အီရှပ်ဒါးတို့သည် နှစ်နိုင်ငံပူးတွဲသတင်းစာရှင်းလင်းပွဲတက်ရောက်ခဲ့ပါတယ်။ (NVS 004)