“ရထားလက်မှတ်များကို အွန်လိုင်းမှတစ်ဆင့် ဝယ်ယူနိုင်တော့မည်”

27 Jan

လာမည့်ဖေဖော်ဝါရီလမှစတင်ပြီး ရထားလက်မှတ်ကို အွန်လိုင်းမှတစ်ဆင့် ဝယ်ယူနိုင်တော့မည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရပါတယ်။ အွန်လိုင်းမှတစ်ဆင့် ရန်ကုန်-မန္တလေး၊ ရန်ကုန်-နေပြည်တော် ရထားခရီးစဉ်များအတွက် ဝယ်ယူနိုင်ကြောင်း သိရပါတယ်။ ဒါ့အပြင် အွန်လိုင်းမှတစ်ဆင့် ရထားလက်မှတ်ယူခြင်းကို ပထမဦးဆုံးအကြိမ်ဖြစ်တဲ့အတွက် Pilot Project အဖြစ် အမှတ် (၁၁) အဆန် နှင့် (၁၂) အစုန် ရန်ကုန်-မန္တလေးရထားခရီးစဉ်၊ ရန်ကုန်-နေပြည်တော် DEMU ရထားခရီးစဥ်များဖြစ်တဲ့ အမှတ် (၇) အဆန်နှင့် (၈) အစုန်ရထား၊ အမှတ် (၃၁) အဆန် နှင့် (၃၂)အစုန် ရထားခရီးစဥ် အတွက် စတင်ရောင်းချပေးမည်ဖြစ်ပါတယ်။ အွန်လိုင်းမှတစ်ဆင့် ရထားလက်မှတ်ဝယ်ယူရာမှာ ခရီးစဉ်အစအဆုံးအတွက် ၇ ရက် ကြိုတင်ဝယ်ယူခြင်း၊ ကြားဘူတာအတွက် ၃ ရက် ကြိုတင်ဝယ်ယူရမှာဖြစ်ပါတယ်။ အွန်လိုင်းမှ ဝယ်ယူထားတဲ့ ရထားလက်မှတ် e-Receipt ကို ရထားမထွက်ခွာမီ ၁ နာရီအလို ကြိုတင်ပြီး သက်ဆိုင်ရာဘူတာရုံ ကောင်တာမှာ လဲလှယ်ရမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

27 Jan

ADVERTISE HERE .