“စတုတ္ထအဆင့်ကို တက်ရောက်ခဲ့တဲ့ ကမ္ဘာ့အဆင့်(၁) ဆာဘာလန်ကာ”
26 Jan
ကမ္ဘာ့အဆင့် (၁) ဘီလာရုစ်တင်းနစ်မယ် ဆာဘာလန်ကာ ဟာ ဩစတြီးယားတင်းနစ်မယ် ပိုတာပိုဗာ ကို အနိုင်ရရှိခဲ့ပြီး ဩစတြေးလျအိုးပင်းအမျိုးသမီးတစ်ဦးချင်း စတုတ္ထအဆင့်ပွဲစဉ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ပိုတာပိုဗာ ဟာ ဒုတိယအဆင့်မှာ ဗြိတိန်တင်းနစ်မယ် ရာဒူကာနူကို အနိုင်ယူကျော်ဖြတ်လာခဲ့ပြီး အခုတတိယ အဆင့်ပွဲမှာ ဆာဘာလန်ကာ နဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ရတာ ဖြစ်ပါတယ်။ ပိုတာပိုဗာ ဟာ ချန်ပီယံဆုရဖို့ ရေပန်း အစားဆုံးဖြစ်တဲ့ ဆာဘာလန်ကာ ကို အကြိတ်အနယ်ကစားနိုင်ခဲ့ပြီး ပွဲကစားချိန် ၂ နာရီကြာခဲ့သလို ဆာဘာလန် ကာ က ၇ : ၆၊ ၇ : ၆ ဆိုတဲ့ရလဒ်နဲ့ ၂ ပွဲပြတ်အနိုင်ရရှိခဲ့ကာ စတုတ္ထအဆင့်ကို တက်ရောက်သွားနိုင်ခဲ့ ပါတယ်။ စတုတ္ထအဆင့်မှာ ဆာဘာလန်ကာဟာ ဆီဒင်အဆင့် (၁၇) ရထားတဲ့ ကနေဒါတင်းနစ်မယ် အမ်ဘိုကို နဲ့ ဆက်လက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ (NVS 008)
26 Jan