“ရှမ်းယူနိုက်တက်နဲ့ ရန်ကုန်ယူနိုက်တက်တို့ MNL ချန်ပီယံဆုအတွက် အပြိုင်ဖြစ်နေ”

26 Jan

MNL ပွဲစဥ် (၁၄) ပြိုင်ပွဲအပြီးမှာ ရှမ်းယူနိုက်တက်အသင်းနဲ့ ရန်ကုန်ယူနိုက်တက်အသင်းတို့ဟာ နိုင်ပွဲ ကိုယ်စီ ရရှိခဲ့ပြီးနောက် ရမှတ် ၁ မှတ်နဲ့ ချန်ပီယံဆုအတွက် အပြိုင်ဖြစ်နေပါတယ်။ ပွဲစဥ် (၁၄) မှာ ရှမ်းယူနိုက်တက်အသင်းက ဒဂုံစတားယူနိုက်တက်အသင်းကို ၃ ဂိုး ၁ ဂိုး၊ ရန်ကုန်ယူနိုက်တက် အသင်းက ဒဂုံပေါ့သ်အသင်းကို ၄ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ဖြစ်ပါတယ်။ ပွဲစဥ် (၁၄) အပြီးမှာ ရှမ်းယူနိုက်တက်အသင်းက ရမှတ် ၃၆ မှတ်နဲ့ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နေပြီး ရန်ကုန်ယူနိုက်တက်အသင်းက ၁ မှတ်အကွာ ရမှတ် ၃၅ မှတ်နဲ့ ဒုတိယနေရာကနေ ဆက်လက်ဖိအားပေးနေလျက် ရှိပါတယ်။ MNL ပွဲစဥ် (၁၅) အဖြစ် ရှမ်းယူနိုက်တက်အသင်းဟာ ရခိုင်ယူနိုက်တက်အသင်းနဲ့ ကစားရဖို့ရှိနေပေမယ့် အာဆီယံကလပ်ပွဲစဥ်ကို ယှဉ်ပြိုင်ကစားရမှာဖြစ်တာကြောင့် ရွှေ့ဆိုင်းထားပါတယ်။ ရန်ကုန်ယူနိုက်တက်အသင်း ကတော့ ဇန်နဝါရီ လ ၃၀ ရက်မှာ ISPE အသင်းနဲ့ ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ ကစားရမည်ဖြစ်ပါတယ်။ (NVS 008)

26 Jan

ADVERTISE HERE .