“ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး အမျိုးသမီးဘောလုံးသမားအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ထရီနီတီရော့ဒ်မန်း”

26 Jan

အမေရိကန်တိုက်စစ်ကစားသမား ထရီနီတီရော့ဒ်မန်း ဟာ ဝါရှင်တန်စပရစ်အသင်းနဲ့ သုံးနှစ်စာချုပ် ချုပ်ဆို ခဲ့ပြီးနောက် ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး အမျိုးသမီးဘောလုံးသမား ဖြစ်လာခဲ့ပါတယ်။ အသက် ၂၃ နှစ်အရွယ်သာရှိသေးတဲ့ ထရီနီတီ ဟာ ဒီဇင်ဘာလ ၃၁ ရက်က ဝါရှင်တန်စပရစ်နဲ့ စာချုပ် သက်တမ်းကုန်ဆုံးပြီးနောက် စာချုပ်သစ် ထပ်မံချုပ်ဆိုခဲ့ပါတယ်။ ထရီနီတီ အနေနဲ့ စာချုပ်သစ်အရ ဆုကြေးအပါအဝင် တစ်နှစ် ဒေါ်လာ နှစ်သန်းလောက် ရရှိမှာ ဖြစ်ပါတယ်။ ထရီနီတီ ဟာ NBA နာမည်ကျော်ဘက်စကတ်ဘောကစားသမားဟောင်း ဒန်းနစ်ရော့ဒ်မန်း ရဲ့သမီးလည်း ဖြစ်ပါတယ်။ ထရီနီတီ မတိုင်ခင် ဘာစီလိုနာကစားသမား ဘွန်မာတီ က ဒေါ်လာ ၁ ဒသမ ၀၇ သန်းနဲ့ စံချိန်တင်ထားခဲ့ပါတယ်။ (NVS 008)

26 Jan

ADVERTISE HERE .