“ပယ်နယ်တီမပေးတဲ့ ဒိုင်လူကြီး ကို ဝေဖန်ခဲ့တဲ့ ဂွါဒီယိုလာ”

26 Jan

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ က ဝုလ်ဗ်အသင်းကို အနိုင်ရတဲ့ပွဲမှာ ပယ်နယ်တီမပေးတဲ့ ကွင်းလယ် ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ ဒိုင်လူကြီး ဖာရာအီဟယ်လမ် ဟာ အခုပွဲစဉ်မှာ ပထမဆုံး ပရီးမီးယားလိဂ်ပွဲစဉ်ကို စတင်တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။ ဝုလ်ဗ်ကစားသမားတစ်ဦးက ဂိုးဧရိယာထဲ ဘောလုံးလက်မောင်းကို ဘောလုံးနဲ့ ထိခဲ့ပေမယ့် ကွင်းလယ်ဒိုင် ဟယ်လမ် က VAR ဒိုင်လူကြီး ဒါရင်းအင်္ဂလန် ရဲ့ အကြံပြုချက်ကို ငြင်းဆန်ခဲ့ကာ ရုပ်သံပြန်မကြည့်ဘဲ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါပွဲစမှာ မန်စီးတီးအသင်းက ဝုလ်ဗ်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီးနှစ်သစ်မှာ ပထမဆုံးနိုင်ပွဲ ရယူနိုင်ခဲ့ပါတယ်။ ဝုလ်ဗ်အသင်းကတော့ ပြိုင်ပွဲစုံငါးပွဲဆက် ရှုံးပွဲမရှိမှု ရပ်တန့်ခဲ့ရပါတယ်။ (NVS 008)

26 Jan

ADVERTISE HERE .