“ရုရှားနှင့် ဘယ်လာရုစ်နိုင်ငံတို့ကြား စစ်ရေးလေ့ကျင့်မှုများ ဆက်လက်လုပ်ဆောင်ဖွယ် ရှိဟုဆို”
26 Jan
ရုရှားနှင့် ဘယ်လာရုစ်နိုင်ငံတို့ကြား မဟာဗျူဟာမြောက်မဟုတ်သော နည်းဗျူဟာမြောက် နျူကလီးယား လက်နက်များစမ်းသပ်ရန်အတွက် စစ်ရေးလေ့ကျင့်မှုများကို အနာဂတ်ကာလတွင် ဆက်လက်လုပ်ဆောင်သွား ဖွယ်ရှိကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန လွတ်လပ်သောနိုင်ငံများ၏ ဓနသဟာယအဖွဲ့ဆိုင်ရာ ဒုတိယဌာန ၏ညွှန်ကြားရေးမှူး အလက်ဇီ ပိုးလစ်ရှ်ချက် က ဇန်နဝါရီလ ၂၅ ရက်တွင်ပြောသည်။ ၂၀၂၄ ခုနှစ် ဇွန်လအတွင်း ပြုလုပ်ခဲ့သော ရှရှားနိုင်ငံ၏ မဟာဗျူဟာမြောက် မဟုတ်သော နည်းဗျူဟာမြောက် နျူကလီးယားတပ်ဖွဲ့များ၏ စစ်ရေးလေ့ကျင့်မှုများတွင် ဘယ်လာရုစ်နိုင်ငံက ပူးပေါင်းပါဝင်ခဲ့ကြောင်း အလက်ဇီ ပိုးလစ်ရှ်ချက် ကပြောကြား သည်။ အဆိုပါ စစ်ရေလေ့ကျင့်မှုများအတွင်း နည်းဗျူဟာမြောက် လက်နက်ခဲယမ်းများကို အသုံးပြုနိုင်ရန် အတွက် နှစ်နိုင်ငံအကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုများအား လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင်လိုအပ်ပါက ရုရှား နှင့် ဘယ်လာရုစ်နိုင်ငံတို့အနေဖြင့် အနာဂတ်တွင်လည်း ထိုသို့သော စစ်ရေးလေ့ကျင့်မှုများကို လုပ်ဆောင်သွား ဖွယ်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ ထို့အတူ အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်မှုများအား စီစဉ်ခြင်း၊ စစ်ရေးလေ့ကျင့်မှုများ၏ ရည်မှန်းချက်များ၊ ရည်ရွယ်ချက်များနှင့် စစ်ရေးလေ့ကျင့်မှုပြုလုပ်ရာတွင် အသုံးပြုမည့် နည်းလမ်းများကို ဆုံးဖြတ်ခြင်းသည် ရုရှားနှင့်ဘယ်လာရုစ် နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာနများ၏ အရည် အချင်းနှင့် ကျွမ်းကျင်မှုအတွင်း၌သာ ရှိကြောင်း အလက်ဇီ ပိုးလစ်ရှ်ချက် က ထပ်လောင်းပြောကြားခဲ့ကြောင်း Iv သတင်းဌာနဖော်ပြချက်အရ သိရသည်။