“မန်းရွှေစက်တော်ဘုရားပွဲကာလအတွင်း ဆင်ပြတိုက် (Elephant Museum) ကို ဖွင့်လှစ်ပြသပေးမည်”

26 Jan

ယခုနှစ်မန်းရွှေစက်တော်ဘုရားပွဲကာလအတွင်းမှာ မန်းချောင်းအပန်းဖြေဆင်စခန်းရှိ ဆင်ပြတိုက် (Elephant Museum) ကို ဖွင့်လှစ်ပြသပေးသွားမည်ဖြစ်ကြောင်းသိရပါတယ်။ ယခုနှစ် မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို ၂ဝ၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်မှ ဧပြီလ ၁၇ ရက်(တပို့တွဲလဆန်း ၅ ရက်မှ မြန်မာ နှစ်ဆန်း ၁ ရက်)အထိ ရက်ပေါင်း ၈၆ ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ လာရောက်လည်ပတ်သူများအနေနဲ့ ဆင်နှင့်ပတ်သက်တဲ့ ဗဟုသုတရရှိနိုင်ရန်နှင့် ရုပ်လုံးသွင်း၊ ဆင်ရုပ်တုနှင့် ဆင်အသုံးအဆောင်ပစ္စည်များကို ခင်းကျင်းပြသပေးသွားမယ်လို့ သိရပါတယ်။ ဆင်စခန်းဖွင့်လှစ်ချိန်ကို နေ့စဉ်နံနက် ၇ နာရီမှ ညနေ ၆ နာချိန်အထိ သတ်မှတ်ထားပြီး ဆင်စခန်း ဝင်ကြေးမှာ ပြည်တွင်းခရီးသွားတစ်ဦးလျှင် ငွေကျပ် ၁,၀၀၀ နှင့် ခရီးတိုဆင်စီးခငွေကျပ် ၅,ဝဝဝ နှုန်း၊ ပြည်ပနိုင်ငံခြား သားတစ်ဦးလျှင် ဝင်ကြေး ငွေကျပ် ၁ဝ,ဝဝဝ နှင့် ခရီးတိုဆင်စီးခငွေကျပ် ၁,ဝဝဝဝ နှုန်းဖြင့် သတ်မှတ်ပေးထားပါတယ်။ တည်းခိုဆောင်အနေနဲ့ VIP တည်းခိုဆောင် လေးလုံးနှင့် ဘန်ဂလို ၁၁ လုံးရှိပြီး ဘန်ဂလို တည်းခိုဆောင် တစ်လုံးအတွက် တစ်ရက်လျှင် ငှားရမ်းခ ငွေကျပ် ၄ဝ,ဝဝဝ နှုန်းနှင့် VIP တည်းခိုဆောင် တစ်လုံးအတွက် တစ်ရက်လျှင် ငှားရမ်းခ ငွေကျပ် ၇ဝ,ဝဝဝ နှုန်းတို့ဖြင့် အသီးသီးသတ်မှတ်ထားပါတယ်။ ဒါ့အပြင် ဆင်များအတွက် ဆင်စာဘူဖေးကို မိမိတို့တတ်နိုင်သော နှုန်းထားဖြင့် ဆင်စာများကို ကျွေးမွေးလှူဒါန်းနိုင်ကြောင်း သိရပါတယ်။ (NVS 004)

26 Jan

ADVERTISE HERE .