“ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများတာရှည်အထားခံနိုင်ရန် ပြုပြင်မွမ်းမံခြင်းနည်းပညာသင်တန်း ဖွင့်လှစ်မည်”

26 Jan

ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ တာရှည်အထားခံနိုင်ရန် ပြုပြင်မွမ်းမံခြင်းနည်းပညာ သင်တန်းကို ပုသိမ်ကြီးမြို့နယ်၊ ထုံးဘို ရိတ်သိမ်းချိန်လွန်နည်းပညာသင်တန်းကျောင်း၌ ဖေဖော်ဝါရီအတွင်း ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။ အဆိုပါ တောင်သူသုံးရက်သင်တန်းကို ထုံးဘို ရိတ်သိမ်းချိန်လွန်နည်းပညာသင်တန်းကျောင်း၌ ဖေဖော်ဝါရီလ ၂ ရက်မှ ၄ ရက်အထိစာတွေ့၊ လက်တွေ့ အခမဲ့သင်ကြားပေးမှာ ဖြစ်ပါတယ်။ ထုံးဘို ရိတ်သိမ်းချိန်လွန်နည်းပညာ သင်တန်းကျောင်းမှာ လာမယ့်ဖေဖော်ဝါရီလအတွင်း ဖွင့်လှစ်မယ့် ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံများ တာရှည် အထားခံနိုင်ရန် ပြုပြင်မွမ်းမံခြင်းနည်းပညာများပါဝင်ပြီး နည်းပညာတောင်သူ သုံးရက်သင်တန်းအတွက် သင်တန်း သား၊ သင်တန်းသူ စုစုပေါင်း ၃၀ ဦးကို လက်ခံသင်ကြားပေးမှာဖြစ်ပါတယ်။ သင်တန်းသူ/သင်တန်းများအနေနဲ့ မြန်မာစာရေးတတ်၊ ဖတ်တတ်ရုံနဲ့ တက်ရောက်နိုင်ကြောင်း ထုံးဘိုရိတ်သိမ်းချိန်လွန် နည်းပညာသင်တန်းကျောင်းမှ သိရပါတယ်။ သင်တန်းတွင် အဓိကအားဖြင့် ဖရဲသီးအခွံ၊ ကျွဲကောသီးအခွံများကို ယိုထိုးနည်း၊ သခွားမွှေးသီးယို၊ ခရမ်းချဉ်သီးယို ပြုလုပ်နည်း၊ ခရမ်းချဉ်သီး Paste၊ ခရမ်းချဉ်သီး Sauce၊ ပဲနို့နှင့် ပဲပြားပြုလုပ်နည်း စသည်တို့ကို အခမဲ့သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်မည်ဖြစ်ပါတယ်။ ၎င်းသင်တန်းကို နေပြည်တော်၊ ရေဆင်းရှိစိုက်ပျိုးရေးဦးစီးဌာန၊ ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝ နည်းပညာဌာနခွဲ၊ ရိတ်သိမ်းချိန်လွန်နည်းပညာဌာန (PHRI) က ကျွမ်းကျင်ပညာရှင်များနှင့် ထုံးဘိုရိတ်သိမ်းချိန်လွန် နည်းပညာသင်တန်းကျောင်းမှ ဆရာမများပူးပေါင်း၍ သင်ကြားပို့ချမည်ဖြစ်ပြီး၊ တက်ရောက်လိုသူများက ထုံးဘို ရိတ်သိမ်းချိန်လွန် နည်းပညာသင်တန်းကျောင်း ဖုန်းနံပါတ် ၀၉-၉၄၆၉၆၅၅၉၅ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရပါတယ်။ (NVS 004)

26 Jan

ADVERTISE HERE .