“ရွေးကောက်ပွဲအပိုင်း (၃) ကို အောင်မြင်စွာကျင်းပပြီးစီး”

26 Jan

ရွေးကောက်ပွဲအပိုင်း (၃) ကို ဇန်နဝါရီလ ၂၅ ရက်နံနက် ၆ နာရီမှစတင်၍ ရန်ကုန်တိုင်း‌ဒေသကြီး အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ် ၆၁ မြို့နယ်ရှိ သတ်မှတ်မဲရုံအသီးသီးမှာ ကျင်းပပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ ရွေးကောက်ပွဲအပိုင်း(၃)တွင် ရန်ကုန်တိုင်းဒေသကြီးမှာ ဒဂုံမြို့နယ်၊ လမ်းမတော်မြို့နယ်၊ ဆိပ်ကြီး/ ခနောင်တိုမြို့နယ်၊ ဒလမြို့နယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ မင်္ဂလာတောင်ညွန့် မြို့နယ်၊ သာကေတမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ တာမွေမြို့နယ်၊ ရန်ကင်းမြို့နယ်၊ ကျောက်တန်းမြို့နယ်၊ ခရမ်းမြို့နယ်၊ သုံးခွမြို့နယ်၊ စမ်းချောင်းမြို့နယ်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်နှင့် လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်တို့၌ကျင်းပခဲ့ပါတယ်။ ကချင်ပြည်နယ်မှာ ဗန်းမော်မြို့နယ်၊ ဖားကန့်မြို့နယ်နှင့် ရွှေကူမြို့နယ်၊ ကရင်ပြည်နယ်တွင် ကော့ကရိတ် မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်၊ စစ်ကိုင်းတိုင်း‌ဒေသကြီးတွင် ကနီမြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်၊ တနင်္သာရီ တိုင်း‌ဒေသကြီးတွင် လောင်းလုံးမြို့နယ်၊ သရက်ချောင်းမြို့နယ်နှင့် ပုလောမြို့နယ်၊ ပဲခူးတိုင်းဒေသကြီးတွင် ကျောက်ကြီးမြို့နယ်၊ ကျောက်တံခါးမြို့နယ်၊ ဖြူးမြို့နယ်၊ အုတ်တွင်းမြို့နယ်၊ သဲကုန်းမြို့နယ်၊ ဝေါမြို့နယ်၊ ကြို့ပင် ကောက်မြို့နယ်နှင့် အုတ်ဖိုမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးတွင် မြစ်သားမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ မလှိုင်မြို့နယ်၊ တောင်သာမြို့နယ်၊ မြင်းခြံမြို့နယ်၊ ငါန်းဇွန်မြို့နယ်၊ သပိတ်ကျင်းမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ် တို့၌ကျင်းပခဲ့ကြောင်း သိရပါတယ်။ ရှမ်းပြည်နယ်မှာ မက်မန်းမြို့နယ်၊ ပင်လောင်းမြို့ နယ်၊ ညောင်ရွှေမြို့နယ်၊ ဖယ်ခုံမြို့နယ်၊ မိုးနဲမြို့နယ်၊ ကျေးသီးမြို့နယ်၊ မိုင်းရှူးမြို့နယ်၊ သီပေါမြို့နယ်နှင့် ကျောက်မဲမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးတွင် ရေကြည် မြို့နယ်၊ ငပုတောမြို့နယ်၊ ဒေးဒရဲမြို့နယ်၊ ညောင်တုန်းမြို့နယ်၊ ဓနုဖြူမြို့နယ်၊ အင်္ဂပူမြို့နယ်၊ မော်လမြိုင်ကျွန်း မြို့နယ်၊ ဇလွန်မြို့နယ်နှင့် လေးမျက်နှာမြို့နယ်တို့၌ကျင်းပခဲ့ကြောင်း သိရပါတယ်။ ထိုသို့ ကျင်းပပြီးနောက် မဲပေးမှုပြီးဆုံးချိန်တွင် မဲရုံမှူးများနှင့် အဖွဲ့ဝင်များက နိုင်ငံရေးပါတီများမှကိုယ်စား လှယ်များ၊ နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများရှေ့၌ မဲပေးစက်(Control Unit) မှရလဒ်များကို ထုတ်ယူပြီး စနစ်တကျရေတွက်ခြင်းနှင့် ကြိုတင်မဲများကို စနစ်တကျရေတွက်ခြင်းများပြုလုပ်ခဲ့ပါတယ်။ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၁) ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင်မြို့နယ် ၁၀၂ မြို့နယ်၊ ရွေးကောက်ပွဲအပိုင်း (၂) ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်တွင်မြို့နယ် ၁၀၀ ၊ ရွေးကောက်ပွဲအပိုင်း (၃) ကို ဇန်နဝါရီလ ၂၅ ရက်တွင် မြို့နယ် ၆၁ မြို့နယ်တို့၌ အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း သိရပါတယ်။ (NVS 004)

26 Jan

ADVERTISE HERE .