“ICRC လူထုအခြေပြုဆက်သွယ်ရေးဌာန(CCC)က ၂၀၂၅ ခုနှစ်အတွင်း ဖုန်းခေါ်ဆိုမှုပေါင်း ၄,၈၆၀ ကို လက်ခံဖြေကြားခဲ့”
26 Jan
ICRC ၏ လူထုအခြေပြုဆက်သွယ်ရေးဌာန(CCC)က ၂၀၂၅ ခုနှစ်အတွင်း ဖုန်းခေါ်ဆိုမှုပေါင်း ၄,၈၆၀ ကို လက်ခံဖြေကြားပေးခဲ့ပြီး ဖုန်းခေါ်ဆိုသူများရဲ့ ၈၇ ရာခိုင်နှုန်းက ၎င်းတို့ကိစ္စရပ်များ ဖြေရှင်းပေးမှုနှင့် တုံ့ပြန်ကူညီမှု များကို ကျေနပ်အားရခဲ့ကြကြောင်း သိရပါတယ်။ ဒါ့အပြင် ၂၀၂၆ ခုနှစ်အတွင်း၌လည်း ဖုန်းခေါ်ဆိုမှုများကို လက်ခံဖြေကြားကူညီသွားမှာဖြစ်လို့ ကိုယ်တိုင် (သို့) ရပ်ရွာရှိတစ်စုံတစ်ဦးက ICRC နှင့်သက်ဆိုင်သော သတင်းအချက်အလက်များ(သို့)အကူအညီလိုအပ်ပါက ဆက်သွယ် နိုင်ကြောင်း သိရပါတယ်။ ထို့အတူ CCC ၏ ဖုန်း ၀၉ ၇၇၆၆၆၂၅၅၅ သို့ဖုန်းခေါ်၍ ICRC မှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ဆောင်မှုများ၊ လုပ်ငန်းများ(သို့)ဝန်ထမ်းများ၏ အပြုအမူများနှင့်ပတ်သက်ကာ မှတ်ချက်ပေးလိုခြင်းများ၊ အကြံပြုလိုသည်များ၊ စိုးရိမ်ပူပန်မှုများ(သို့)တိုင်ကြားလိုခြင်းများအတွက်လည်း ဆက်သွယ်နိုင်ကြောင်း သိရပါတယ်။ (NVS 004)