ပြည်ရွှေဆံတော်တွင် ထမနဲထိုးပွဲနှင့် ညန်ရိုးမီးပူဇော်ပွဲအား ၂ ရက်ကြာကျင်းပမည်

25 Jan

ပြည်မြို့ရှိ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီးတွင် ထမနဲထိုးပွဲနှင့် ညန်ရိုးမီးပူဇော်ပွဲကို ဇန်နဝါရီလ ၃၁ ရက်မှ ဖေဖော်ဝါရီလ ၁ ရက်(တပို့တွဲလပြည့်နေ့)အထိ ၂ ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း စေတီတော်ဂေါပကအဖွဲ့ထံမှ သိရပါတယ်။ စေတီတော်မြတ်ကြီး၏ (၂၄)ကြိမ်မြောက် ထမနဲထိုးပြိုင်ပွဲကို ဇန်နဝါရီလ ၃၁ ရက် နံနက် ၇ နာရီတွင် မဟာ ဗောဓိရင်ပြင်တော်ပေါ်၌ ကျင်းပမှာဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၁ ရက် နံနက်ပိုင်းတွင် (၁၀၂)ကြိမ်မြောက် ညန်ရိုးမီးပူဇော်ပွဲနှင့် မြတ်စွာဘုရားကို ထမနဲဆွမ်း ကပ်လှူမည်ဖြစ်ပြီး တောင်ဘက်စောင်းတန်းအနီး ‘ဝ’လေးလုံးစေတီတော်အောက်ဘက်တွင်လည်း နံနက် ၄ နာရီအချိန် ကစပြီး ဘုရားဖူးလာပြည်သူများက ညန်ရိုးများကိုယ်စီကိုင်ဆောင်ကာ မီးပူဇော်ပွဲ ကျင်းပသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် တပို့တွဲလပြည့်နေ့တွင် ဘုရားဖူးများကို ပုညကရဏ ဓမ္မာရုံရင်ပြင်တော်တွင် စတုဒိသာထမနဲဖြင့် ဧည့်ခံ ကျွေးမွေးမှာဖြစ်ကြောင်း သိရပါတယ်။(NVS 004)

25 Jan

ADVERTISE HERE .