မြန်မာနှင့်အိန္ဒိယနိုင်ငံအကြား လယ်ယာကဏ္ဍဆိုင်ရာကုန်သွယ်မှု တိုးမြှင့်ဆောင်ရွက်ရေးကြိုးပမ်း

25 Jan

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် က အိန္ဒိယနိုင်ငံ စားသုံးသူ ရေးရာ အစားအသောက်နှင့် ဖြန့်ဖြူးရေးဝန်ကြီးဌာနမှ Secretary ဖြစ်သူ Smt. Nidhi Khare နှင့်အဖွဲ့အား ဇန်နဝါရီလ ၂၂ မွန်းလွဲပိုင်းက ရန်ကုန်မြို့ ပြည်လမ်းရှိ Novotel Hotel ၌ လက်ခံတွေ့ဆုံပြီး မြန်မာနှင့်အိန္ဒိယနိုင်ငံအကြား လယ်ယာ ကဏ္ဍဆိုင်ရာ ကုန်သွယ်မှုတိုးမြှင့်ဆောင်ရွက်ရန် ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ တွေ့ဆုံဆွေးနွေးစဉ် တင်သွင်းမှုမူဝါဒ တည်ငြိမ်စေရေး၊ နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်ရန်၊ စပါးကို အခြေခံသော ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှုကွင်းဆက် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရန်၊ အိန္ဒိယမှ အများအပြားဝယ်ယူသော မတ်ပဲနှင့်ပဲစင်းငုံတို့တွင် ထွက်ကုန်အရည်အသွေးယှဉ်ပြိုင်နိုင်ရန်နှင့် ပိုးသတ်ဆေးဓာတ်ကြွင်း နည်းပါးရေးအတွက် ဘက်စုံပိုးမွှားကာကွယ်ရေး နည်းပညာပေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်ပေးနိုင်ရေးကိစ္စရပ်များ၊ အခြားပဲများနှင့်ပတ်သက်၍ အလားအလာများ၊ မြန်မာနိုင်ငံမှ ပဲမျိုးစုံတင်ပို့ရောင်းချမှု ရေရှည်တည်တံ့ရေးအတွက် လိုအပ်သည့်လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများတွင် ပဲမျိုးစုံသာမက ဂျုံနှင့်ပတ်သက်၍ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများကို သုတေသနနှင့်နည်းပညာ ဖွံ့ဖြိုးရေးမှစ၍ ဈေးကွက် ပို့ဆောင်သည်အထိ ဆောင်ရွက်နိုင်ရေးလုပ်ငန်းများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။(NVS 004)

25 Jan

ADVERTISE HERE .