(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် MSME ထုတ်ကုန်နှင့် ဈေးရောင်းပွဲတော်ကို နေပြည်တော်တွင် ကျင်းပမည်

25 Jan

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုအဆင့် MSME နှင့် ဈေးရောင်းပွဲတော်ကို နေပြည်တော်တွင် ငါးရက်တိုင်တိုင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါပြပွဲတွင် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ MSME ထုတ်ကုန်များကို စုစည်းပြသနိုင်ခြင်း၊ စားသုံးသူများနှင့် တိုက်ရိုက်တွေ့ဆုံနိုင်ခြင်း၊ ဈေးကွက်တိုးချဲ့နိုင်ခြင်းနှင့် အပြန်အလှန်လေ့လာသင်ယူနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေနိုင်မှာဖြစ်ပါတယ်။ ပြပွဲအတွင်း သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အေဂျင်စီများနှင့် ပူးပေါင်းချိတ်ဆက်ပြီး အောင်မြင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေး‌‌ရောင်းပွဲတော် တွင် ဝန်ကြီးဌာနပြခန်းများ၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် MSME ပြခန်းများ၊ တိုင်းရင်းသားရိုးရာ အစားအစာရောင်းချဆိုင်ခန်းများ၊ လုပ်ငန်း/စီးပွားချိတ်ဆက်မှုများ(Business Matching)၊ နည်းပညာပြခန်းများ၊ လယ်ယာသုံးစက်ပစ္စည်းများနှင့် ထုတ်ကုန်ပြခန်းများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းနှင့် ကုန်ထုတ်သမဝါယမ ပြခန်းများ၊ အသင်းအဖွဲ့ပြခန်းများ၊ Solar Farm များ၊ SKD ဦးစားပေး EV ကား/မော်တော်ဆိုင်ကယ်/သုံးဘီး ဆိုင်ကယ်ပြခန်းများ၊ CMP အထည်ချုပ်ပြခန်းများအပါအဝင် ပြခန်းပေါင်း ၁၀၀ ခန့် ပြသရောင်းချသွားမှာ ဖြစ်ကြောင်း သိရပါတယ်။(NVS 004)

25 Jan

ADVERTISE HERE .