တရုတ်နှစ်ကူးအကြို နိုင်ငံတကာမီးပုံးပွဲတော် စီချွမ်ပြည်နယ် ကျိကောင်မြို့၌ စတင်ကျင်းပ

25 Jan

နှစ်စဉ်ကျင်းပမြဲ ကျိကောင်နိုင်ငံတကာမီးပုံးပွဲတော်ကို တရုတ်နိုင်ငံအနောက်ပိုင်း စီချွမ်ပြည်နယ်၌ ဇန်နဝါရီလ ၂၃ ရက်တွင် စတင်ကျင်းပနေပြီဖြစ်ကြောင်း Xinhua သတင်းဌာနက ဖော်ပြထားသည်။ တရုတ်နှစ်သစ်ကူးပွဲတော်အကြိုအဖြစ် ကျိကောင်နိုင်ငံတကာမီးပုံးပွဲတော်ကို စီချွန်ပြည်နယ် ကျိကောင်မြို့ ၌ ကျင်းပနေခြင်းဖြစ်သည်။ ယခုနှစ် တရုတ်နှစ်သစ်ကူးနေ့သည် လာမည့်ဖေဖော်ဝါရီလ ၁၇ ရက်တွင် ကျရောက် မည်ဖြစ်ပြီး တရုတ်ရိုးရာတိရစ္ဆာန်ပုံပြ ပြက္ခဒိန်အရ မြင်းနှစ်စတင်မည့်နေ့ဖြစ်သည်။ မီးပုံးအလှထွန်းညှိမှုများသည် တရုတ်နှစ်သစ်ကူးပွဲတော်၏ အဓိကသွင်ပြင်လက္ခဏာတစ်ရပ်ဖြစ်ပြီး ကံကောင်းခြင်းနှင့် လမ်းစဉ်ကိုကိုယ်စားပြုသည်။ ကျိကောင် နိုင်ငံတကာမီးပုံးပွဲတော် ဖွင့်ပွဲနေ့ဖြစ်သည့် ဇန်နဝါရီလ ၂၃ ရက်တွင် လက်ဖြင့်အလှဆင် မီးပုံး၂၀၀ ကျော်ကို ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။ အဆိုပါမီးပုံးများကို ဖန်တီးရေးအတွက် လက်မှုပညာရှင် ၁,၂၀၀ ခန့်တို့က ရက်သတ္တပတ်အတန်ကြာ အချိန်ယူခဲ့ရသည်ဟု ပွဲတော်စီစဉ်သူများက ပြောကြားထားကြောင်း သိရသည်။

25 Jan

ADVERTISE HERE .