ဆိုဘော့ဆလိုင်း ကို စာချုပ်သက်တမ်းတိုးရန် လီဗာပူးလ်အသင်းစီစဉ်
24 Jan
လီဗာပူးအသင်းက အသင်းကွင်းလယ်ကစားသမား ဆိုဘော့ဆလိုင်း ကို စာချုပ်သက်တမ်းတိုးရန် စီစဉ်လျက် ရှိကြောင်း သိရပါတယ်။ အသက် ၂၅ နှစ်အရွယ် ကွင်းလယ်ကစားသမား ဆိုဘော့ဆလိုင်း ဟာ လီဗာပူးလ်အသင်းနှင့်အတူ ၂ဝ၂၃-၂၀၂၄ မှ ၂၀၂၅-၂၀၂၆ ဘောလုံး ရာသီအထိ ပြိုင်ပွဲစုံ ၁၂၄ ပွဲကစားပြီး ၂၂ ဂိုး သွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် စာချုပ်သက်တမ်းတိုးရန် စီစဉ်လာခြင်းဖြစ်ပါတယ်။ လီဗာပူးအသင်းရဲ့ ထုတ်ပြန်ချက်တွင် ဆိုဘော့ဆလိုင်း ကို စာချုပ်သက်တမ်းတိုးရန် စီစဉ်နေပြီဖြစ်ကြောင်းနဲ့ သူဟာအသင်းအတွက် ကစားသမားကောင်းတစ်ယောက်ဖြစ်ပြီး စာချုပ်ကိစ္စကိုလည်း မကြာမီရက်ပိုင်းအတွင်း အပြီးသတ်နိုင်တော့မှာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ (NVS 008)
24 Jan