တစ်ရာသီအတွင်း ဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ် ရပ်တည်နေသည့် မက်ဆီ ရဲ့စံချိန်ကို လိုက်မီရန် နီးစပ်နေတဲ့ အိုလီဆီ
24 Jan
ဘိုင်ယန်မြူးနစ်အသင်း တိုက်စစ်ကစားသမား အိုလီဆီ က တစ်ရာသီအတွင်း ဂိုးဖန်တီးမှုအများဆုံး ကစားသမားအဖြစ် ရပ်တည်နေတဲ့ ဘာစီလိုနာအသင်း ကစားသမားဟောင်း မက်ဆီ ရဲ့စံချိန်ကို လိုက်မီရန်နီးစပ် နေကြောင်း One Football သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ အသက် ၂၄ နှစ်အရွယ် အိုလီဆီ က ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ကစားခဲ့သည့် ဘိုင်ယန်မြူးနစ်အသင်းနှင့် စိန့်ဂျီလိုစီအသင်းတို့ပွဲစဉ်မှာ ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ခဲ့ပြီးနောက် ယခုနှစ်ဘောလုံးရာသီတွင် ဂိုးဖန်တီးမှု ၂၁ ကြိမ်ထိ ရှိလာခဲ့လို့ မက်ဆီ ရဲ့စံချိန်ကို လိုက်မီရန်နီးစပ်နေခြင်းဖြစ်ပါတယ်။ တစ်ရာသီအတွင်း ဂိုးဖန်တီးမှုအများဆုံး ကစားသမားအဖြစ် ဘာစီလိုနာအသင်း ကစားသမားဟောင်း မက်ဆီ က ၂၀၁၁-၂၀၁၂ ဘောလုံးရာသီက အကြိမ် ၃၀ ထိပြုလုပ်ခဲ့ပြီး ၎င်းရဲ့နောက်တွင် ချဲလ်ဆီးအသင်းကစားသမား ဟောင်း မာတာ က ၂၀၁၂-၂၀၁၃ ဘောလုံးရာသီက ၂၉ ကြိမ်၊ မန်စီးတီးအသင်း ကစားသမားဟောင်း ဒီဘရိုင်း က ၂၀၁၄-၂၀၁၅ ဘောလုံးရာသီက ၂၇ ကြိမ် ပြုလုပ်ခဲ့ကြပြီး ယခုအခါ အိုလီဆီ က ၂၁ ကြိမ်ထိ ရှိလာခဲ့တာဖြစ်ပါတယ်။ အိုလီဆီ ဟာ ယခုနှစ်ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဂိုးဖန်တီးမှုလေးကြိမ်ဖြင့် ထိပ်ဆုံး၌ ရပ်တည် နေသလို ဂျာမန်ဘွန်ဒက်လီဂါပြိုင်ပွဲတွင်လည်း ၁၃ ကြိမ်ထိပြုလုပ်ထားပြီး ထိပ်ဆုံး၌ ရပ်တည်နေတဲ့အတွက် ပြိုင်ပွဲ နှစ်ရပ်တွင် ဂိုးဖန်တီးမှုအများဆုံး ကစားသမားအဖြစ် ဦးဆောင်နေတာဖြစ်ပါတယ်။ (NVS 008)