နည်းပြ အန်ဆယ်လော့တီ ကို ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့တဲ့ ဘရာဇီးနိုင်ငံ ဘောလုံးအဖွဲ့ချုပ်

24 Jan

ဘရာဇီးနိုင်ငံဘောလုံးအဖွဲ့ချုပ်က ဘရာဇီးအသင်းနည်းပြ အန်ဆယ်လော့တီ ကို ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ကြောင်း One Football သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ ဘရာဇီးနိုင်ငံဘောလုံးအဖွဲ့ချုပ် က နည်းပြအန်ဆယ်လော့တီ ကို ၂၀၂၅ ခုနှစ် စက်တင်ဘာလက နည်းပြသစ်အဖြစ် လာမည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲထိ ခန့်အပ်ခဲ့ခြင်းဖြစ်ပါတယ်။ နည်းပြ အန်ဆယ်လော့တီ ဟာ ဘရာဇီးအသင်းကို တာဝန်ယူကိုင်တွယ်ခဲ့ပြီးနောက် ကမ္ဘာ့ဖလားခြေစစ်ပွဲနှင့် နိုင်ငံတကာ ခြေစမ်းပွဲစဉ်များတွင် ရှစ်ပွဲ တာဝန်ယူကိုင်တွယ်ခဲ့ရာ လေးပွဲအနိုင်ရပြီး နှစ်ပွဲသရေရလဒ်နှင့် နှစ်ပွဲရှုံးရလဒ်ကို ရရှိခဲ့ပါတယ်။ နည်းပြ အန်ဆယ်လော့တီ ကို ၂၀၃၀ ပြည့်နှစ် ကမ္ဘာ့ဖလားပြိုင်ပွဲထိ တာဝန်ပေးအပ်ရန် ဘရာဇီးနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ဆုံးဖြတ်ခဲ့ပြီးနောက် သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ရာမှ သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ပါတယ်။(NVS 008)

24 Jan

ADVERTISE HERE .