ဗန်ဒီဗန် အတွက် ပြောင်းရွှေ့ကြေးကို စတာလင်ပေါင် သန်း ၁၀၀ သတ်မှတ်ခဲ့တဲ့ စပါး

24 Jan

ပရီးမီးယားလိဂ်ကလပ် စပါးအသင်းက ခံစစ်ကစားသမား ဗန်ဒီဗန် ကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး စတာလင် ပေါင် သန်း ၁၀၀ သတ်မှတ်ခဲ့ကြောင်း The Mirror သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ အသက် ၂၄ နှစ်အရွယ် ဗန်ဒီဗန် ဟာ ၂၀၂၃ ဘောလုံးရာသီတွင် ဂျာမန်ကလပ် ဝုဖ်ဘတ်အသင်းမှ စပါး အသင်းသို့ ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၄၃ သန်းဖြင့် ပြောင်းရွှေ့ခဲ့ပြီး အသင်းနှင့်အတူ ၂၀၂၉ ခုနှစ်ထိ စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ ဗန်ဒီဗန် အနေနဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလက ချဲလ်ဆီးအသင်းကို ရှုံးနိမ့်ခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် နည်းပြ ဖရန့် နှင့် ဆက်ဆံရေးတင်းမာမှုများရှိခဲ့ပြီး ယခုနှစ် ဇန်နဝါရီလ ၈ ရက်က ဘုန်းမောက်အသင်းကို ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်အပြီးတွင်လည်း အသင်းပရိသတ်များနှင့် ပြဿနာတက်ခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်မီဒီယာများ၏ ဖော်ပြချက်အရ ၎င်းအနေဖြင့် ယခုနှစ်နွေရာသီတွင် ပရီးမီးယားလိဂ်ထိပ်တန်းအသင်း တစ်သင်း သို့မဟုတ် ဥရောပထိပ်တန်း အသင်းတစ်သင်းသို့ ပြောင်းရွှေ့လိုကြောင်း သတင်းများထွက်ပေါ်နေ တဲ့အတွက် စပါးအသင်းက ဗန်ဒီဗန် ရဲ့ ပြောင်းရွှေ့ကြေးကို ကမ္ဘာ့စံချိန်တင်စတာလင်ပေါင် သန်း ၁၀၀ အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပါတယ်။ ပရီးမီးယားလိဂ်တွင် ယခင်က ခံစစ်ကစားသမားတစ်ဦး၏ စံချိန်တင်ပြောင်းရွှေ့ကြေးမှာ လက်စတာအသင်းမှ မန်ယူအသင်းသို့ စတာလင်ပေါင် ၈၅ သန်းဖြင့် ပြောင်းရွှေ့ခဲ့သည့် မက်ဂွိုင်းယား ရဲ့ ပြောင်းရွှေ့ကြေးဖြစ်ကြောင်း သိရပါတယ်။(NVS 008)

24 Jan

ADVERTISE HERE .