ဘရူနိုဖာနန်ဒက်စ် ရဲ့နေရာမှာ ကိုးလ်ပယ်မာ နဲ့ အစားထိုးဖို့ စီစဉ်နေတဲ့ မန်ယူ

24 Jan

မန်ယူအသင်းက အသင်းနှင့်အနာဂတ် မရေမရာဖြစ်နေသည့် ကွင်းလယ်ကစားသမား ဖာနန်ဒက်စ် ရဲ့ နေရာ၌ ချယ်လ်ဆီးအသင်းမှ ကိုးလ်ပယ်မာ နှင့် အစားထိုးရန် ကြိုးပမ်းနေကြောင်း သိရပါတယ်။ ဖာနန်ဒက်စ် ဟာ ၂၀၁၉ ခုနှစ်က စပို့တင်းလစ္စဘွန်းအသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး အသင်းနှင့်အတူ ဘောလုံးရာသီတိုင်းတွင် ခြေစွမ်းပြကစားနိုင်ခဲ့ကာ ယခုဘောလုံးရာသီတွင်လည်း အဓိကပွဲထွက် ကစားသမားအဖြစ် ရပ်တည်နေသူဖြစ်ပါတယ်။ ပြီးခဲ့တဲ့နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလမှာ မန်ယူအသင်းက ဖာနန်ဒက်စ် ကိုရောင်းချရန် ကြိုးပမ်းခဲ့ပြီးနောက် အသင်းရဲ့လုပ်ရပ်ကို စိတ်ပျက်နေတဲ့အတွက် ဖာနန်ဒက်စ် က သက်တမ်းတိုးစာချုပ် ချုပ်ဆိုမည် မဟုတ်ဘဲ လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် ထွက်ခွာဖွယ်ရှိနေခြင်းဖြစ်ပါတယ်။ အသက်၂၃ နှစ်အရွယ် ကိုးလ်ပယ်မာ က မန်စီးတီးအသင်း အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်သော် လည်း မန်စီးတီးအသင်းတွင် ကစားခွင့်မရရှိတဲ့အတွက် ၂၀၂၃ ခုနှစ်မှာ ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ကစားခဲ့ ပြီးနောက် ထိပ်တန်းကစားသမားတစ်ဦး ဖြစ်လာခဲ့ခြင်းဖြစ်ပါတယ်။ ကိုးလ်ပယ်မာ အနေနဲ့ မန်စီးတီးအသင်း အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်သော်လည်း ကိုယ်တိုင်က မန်ယူအသင်းပရိသတ်တစ်ဦးဖြစ်ကြောင်း အစောပိုင်းကတည်းက ပြောကြားထားသူဖြစ်ပါတယ်။ (NVS 008)

24 Jan

ADVERTISE HERE .