“လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ (Youth Peace Forum)အခမ်းအနားကျင်းပမှု တိုက်ရိုက်ထုတ်လွှင့်မည်”
13 Jan
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် လူငယ်များ၏ပါဝင်မှုနှင့် စွမ်းရည်များမြှင့်တင်နိုင်မည့် လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ (Youth Peace Forum)အခမ်းအနားကို ဇန်နဝါရီလ ၁၃ ရက်မှ ၁၅ ရက်အထိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁)တွင် ကျင်းပသွားမှာ ဖြစ်ပါတယ်။ အဆိုပါ ဖိုရမ်ဖွင့်ပွဲအခမ်းအနားကျင်းပမည့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၃ ရက် နံနက် ၈ နာရီ ၄၅ မိနစ်မှစတင်၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV–HD၊ MRTV-News၊ MRTV–NRC၊ MRTV-Sports၊ MRTV Entertainment Channel နှင့် MITV တို့မှလည်း ကောင်း၊ မြန်မာ့အသံရေဒီယိုနှင့် အကျိုးတူ FM များမှလည်းကောင်း၊ MOI Website၊ MOI Youtube၊ MRTV Website ၊ MRTV App၊ Radio App အပါအဝင် MRTV Online Platform တို့မှလည်းကောင်း တိုက်ရိုက်(Live) ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)
13 Jan