“ယာယီရပ်နားထားတဲ့ ရန်ကုန်-မန္တလေး ရထားခရီးစဉ်များ ပြန်လည်ပေးဆွဲနေပြီဖြစ်”

13 Jan

ပဲခူးတိုင်းဒေသကြီး၊ တောကျွဲအင်းမြို့ဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများကြောင့် ယာယီရပ်နားထားတဲ့ ရန်ကုန်-မန္တလေး ရထားခရီးစဉ်များ ပြန်လည်ပေးဆွဲနေပြီဖြစ်ကြောင်း မြန်မာ့မီးရထားကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၉ ရက်နှင့် ၁၀ ရက်များမှာ အကြမ်းဖက်အဖွဲ့အစည်းများက ရန်ကုန်-မန္တလေး လမ်းဟောင်းမှာ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့တာကြောင့် တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေး အခြေအနေအရ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းရှိ ရထားခရီးစဉ်များကို ရပ်နားထားခဲ့ရခြင်း ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ခရီးစဉ်များကို ပုံမှန်အချိန်အတိုင်း ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်းလည်း သိရပါတယ်။ (NVS 004)

13 Jan

ADVERTISE HERE .