“ရုပ်ရှင်လောကသားများကို ဇန်နဝါရီလတွင် ဆန်၊ဆီ၊စားသောက်ကုန်များလှူဒါန်းမည်”
13 Jan
၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်မှာ အလွှာစုံမှ ရုပ်ရှင်လောကသားတွေကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဆန်၊ ဆီနဲ့ စားသောက်ကုန်တွေ လှူဒါန်းသွားမယ်လို့ သိရပါတယ်။ အခုလှူဒါန်းမယ့် (၁၇)ကြိမ်မြောက်လှူဒါန်းခြင်း အစီအစဉ်မှာတော့ သက်တမ်းရှိ ရုပ်ရှင်အစည်းအရုံးဝင် တွေကို ထုတ်ပေးမှာဖြစ်ပြီး ဇန်နဝါရီလ ၂၂ ရက်၊ ၂၃ ရက်၊ ၂၄ ရက်တို့မှာ လှူဒါန်းသွားမှာ ဖြစ်ပါတယ်။ ဇန်နဝါရီလ ၂၂ ရက်မှာ မနက်ပိုင်းမှာ အုပ်ချုပ်၊ ဖြန့်ချိ၊ ဇာတ်ညွှန်း၊ ဗီဒီယို၊ ပြဇာတ်နှင့် နောက်ခံ တေးဂီတ အလွှာ၊ ညနေပိုင်းမှာ တည်းဖြတ်၊ ဒါရိုက်တာ၊ ထုတ်လုပ်သူနဲ့ အဓိကသရုပ်ဆောင်အလွှာ၊ ဇန်နဝါရီလ ၂၃ ရက်မှာ ဇာတ်ပို့ဇာတ်ရံနှင့် ဇန်နဝါရီလ ၂၄ ရက်မှာ စက်မှုအလွှာမှ ရုပ်ရှင်လောကသားတို့ကို ပေးအပ်လှူဒါန်းသွားမှာ ဖြစ်ပါတယ်။ ရုပ်ရှင်လောကသားများအတွက် လှူဒါန်းမှုများကို ရုပ်ရှင်လောကသားတွေနှင့် အလှူရှင်တွေက ပါဝင်လှူဒါန်းထားပါတယ်။ (NVS 004)