“လေယာဉ် ၂ စီး အငှားစနစ်နဲ့ လုပ်ငန်းအတွက် တင်ဒါခေါ်ယူမည်”

13 Jan

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန က လေယာဉ် ၂ စီးကို အငှားစနစ်နဲ့ လုပ်ငန်းလုပ်ဆောင်လိုသူ လုပ်ငန်းရှင်တွေကို ဖိတ်‌ခေါ်ထားပါတယ်။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာအမျိုးသားလေကြောင်းက အဆိုပါကိစ္စနှင့်ပတ်သက်၍ အိတ်ဖွင့်တင်ဒါခေါ်ယူထားပါတယ်။ စိတ်ဝင်စားသူတွေအနေနဲ့ ဇန်နဝါရီလ ၁၄ ရက်မှာ တင်ဒါပုံစံတွေ ရောင်းချမှာဖြစ်ပြီး ဖေဖော်ဝါရီလ ၆ ရက်မှာ တင်ဒါပုံစံတွေကို နောက်ဆုံးတင်သွင်း လျှောက်ထားနိုင်တယ်လို့ သိရပြီး မတ်လ ၆ ရက်မှာ တင်ဒါဖွင့်သွားမယ်လို့သိရပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ အသေးစိတ်အချက်အလက်တွေကို မြန်မာအမျိုးသားလေကြောင်း တင်ဒါကော်မတီ မှာ စုံစမ်းဆောင်ရွက်သွားနိုင်တယ်လို့သိရပါတယ်။ (NVS 004)

13 Jan

ADVERTISE HERE .