“ဩစတြေးလျအိုးပင်း ယှဉ်ပြိုင်ခွင့်ရရှိခဲ့တဲ့ ဝေါ်ရင်ကာ”
12 Jan
၂၀၂၆ ခုနှစ်က သူ့ရဲ့တင်းနစ်ကစားသမားဘဝ နောက်ဆုံးရာသီလို့ ပြောကြားထားတဲ့ ဆွစ်ဇာလန် ဝါရင့်တင်းနစ်သမား ဝေါ်ရင်ကာ ကို ဩစတြေးလျအိုးပင်းသို့ အလိုအလျောက်ဝင်ခွင့် ပေးလိုက်တယ်လို့ သိရပါတယ်။ ဂရင်းစလမ်ချန်ပီယံဆုကို ၃ ကြိမ်ရရှိထားတဲ့ ဝေါ်ရင်ကာ ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ၂၀၂၆ နှစ်ကုန်မှာ အနားယူမှာဖြစ်တယ်လို့ တရားဝင်ပြောထားခဲ့ပါတယ်။ အသက် ၄၀ အရွယ် ဝေါ်ရင်ကာ ဟာ ကစားသမားဘဝ ပထမဆုံးဂရင်းစလမ်ချန်ပီယံဆုကို ၂၀၁၄ ခုနှစ် ဩစတြေးလျအိုးပင်းပြိုင်ပွဲမှာ ရရှိခဲ့တာဖြစ်ပါတယ်။ ဩစတြေးလျအိုးပင်းက သူ့ရဲ့ ကစားသမားဘဝ ပထမဆုံးရတဲ့ ဂရင်းစလမ်ချန်ပီယံဆုဖြစ်သလို အခုလို ကစားသမားဘဝ နောက်ဆုံးနှစ်မှာ ဝင်ပြိုင်ခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့ ဝေါ်ရင်ကာ က ပြောကြားသွား ခဲ့ပါတယ်။ ၂၀၂၆ ဩစတြေးလျအိုးပင်းပြိုင်ပွဲကို ဇန်နဝါရီလ ၁၈ ရက်ကနေ ဖေဖော်ဝါရီလ ၁ ရက်အထိ ကျင်းပမှာ ဖြစ်ပါတယ်။ (NVS 008)
12 Jan