“မန်စီးတီးအသင်းအတွက် ပွဲဦးထွက်မှာတင် သွင်းဂိုးတစ်ဂိုးနဲ့ တစ်ဂိုးဖန်တီးပေးနိုင်ခဲ့တဲ့ ဆီမီညို”
12 Jan
မန်စီးတီးအသင်းတိုက်စစ်ကစားသမားသစ် ဆီမီညို ဟာ ပွဲဦးထွက်မှာ ကိုယ်တိုင်တစ်ဂိုး သွင်းသလို၊ တစ် ဂိုးဖန်တီးပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၉ ရက်မှာ ဆီမီညို ရဲ့ ပေါင် ၆၅ သန်းတန် အပြောင်းအရွှေ့ဟာ အပြီးသတ်ခဲ့ပေမယ့် အိတ်စ်တာအသင်းနဲ့ FA ဖလားပွဲမှာ ပွဲထွက်ကစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ အဆိုပါပွဲမှာ မန်စီးတီးအသင်းကို ကိုင်တွယ်ခဲ့တဲ့ လက်ထောက်နည်းပြ ပတ်လင်ဒါစ် က ဆီမီညို ဟာ အသင်း ရဲ့ လိုအပ်ချက်တွေကို အတိအကျသိသူလို့ ချီးကျူးခဲ့ပါတယ်။ အခုပွဲမှာ ဆီမီညို ဟာ ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆုကိုလည်း ဆွတ်ခူးခဲ့ပါတယ်။ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ အနေနဲ့ တစ်ပွဲပယ်ခံထားရလို့ အခုပွဲကို သူ့ရဲ့လက်ထောက် ပတ်လင်ဒါစ် က တာဝန်ယူခဲ့ရပြီး ၁၉၈၇ ခုနှစ်က FA ဖလားပွဲမှာပဲ ဟတ်ဒါဖီးလ်အသင်းကို ၁၀ ဂိုး ၁ ဂိုးနဲ့ ဂိုးအပြတ်ဆုံးနိုင်ပွဲရယူခဲ့တဲ့ မှတ်တမ်းနဲ့ တူညီခဲ့ပါတယ်။ (NVS 008)