“မြန်မာဘောလုံးအကယ်ဒမီများပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ တပ်မတော်အကယ်ဒမီအသင်း”
12 Jan
မြန်မာဘောလုံးအကယ်ဒမီများပြိုင်ပွဲ တတိယနေရာလုပွဲနဲ့ ဗိုလ်လုပွဲကို ဇန်နဝါရီလ ၁၁ ရက်မှာ ယှဉ်ပြိုင် ကစားခဲ့ပြီး ဗိုလ်လုပွဲမှာ တပ်မတော်အကယ်ဒမီအသင်းက မြန်မာဘောလုံးအကယ်ဒမီ(မန္တလေး) ယူ-၁၅ အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။ တတိယနေရာလုပွဲမှာတော့ အမျိုးသားဘောလုံးအကယ်ဒမီ(ရန်ကုန်) ယူ-၁၅ အသင်းက ISPE(မော်လမြိုင်) အသင်းကို ၅ ဂိုး ၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ချန်ပီယံအသင်းကို တံခွန်စိုက်ဆုဖလားနဲ့ ဆုကြေးငွေ ကျပ် သိန်း ၃၀၊ ဒုတိယအသင်းကို ကျပ်သိန်း ၂၀၊ တတိယအသင်းကို ကျပ် ၁၀ သိန်း ချီးမြှင့်ခဲ့ပါတယ်။ ဒါ့အပြင် အကောင်းဆုံး ကစားသမားဆု၊ ဂိုးသွင်းအများဆုံးဆု၊ ဂိုးသမားဆုနဲ့ အသန့်ရှင်းဆုံးအသင်းဆုတွေကိုလည်း ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။ (NVS 008)
12 Jan