“စပိန်စူပါဖလားကို ၂ နှစ်ဆက် ချန်ပီယံဖြစ်ခဲ့တဲ့ ဘာစီလိုနာအသင်း”

12 Jan

ဘာစီလိုနာအသင်းဟာ စပိန်စူပါဖလားကို ၂၀၁၁ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ၂ နှစ်ဆက် ဆွတ်ခူး နိုင်ခဲ့ကြောင်း သိရပါတယ်။ ဇန်နဝါရီလ ၁၁ ရက်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ စပိန်စူပါဖလားဗိုလ်လုပွဲမှာ ဘာစီလိုနာအသင်းက ရီးရဲလ်အသင်း ကို ၃ ဂိုး ၂ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ချန်ပီယံဆုရယူနိုင်ခဲ့ပါတယ်။ စပိန်စူပါဖလားပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်းဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ ၁၉၉၁ ၊ ၁၉၉၂၊ ၂၀၀၅၊ ၂၀၀၆၊ ၂၀၀၉၊ ၂၀၁၀ နဲ့ ၂၀၁၁ ခုနှစ်တွေမှာ စပိန်စူပါဖလားကို ဆက်တိုက်ရယူနိုင်ခဲ့ပြီးတဲ့နောက် အခုတစ်ကြိမ်မှာလည်း ၂၀၂၅ နဲ့ ၂၀၂၆ ဆက်တိုက်ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာနဲ့ ရီးရဲလ်အသင်းတို့ဟာ စပိန်စူပါဖလားဗိုလ်လုပွဲမှာ ၄ နှစ်ဆက်တိုက် ဆုံတွေ့ကြတာဖြစ်ပြီး ဘာစီလိုနာအသင်းက ၃ ကြိမ်အနိုင်ယူကာ မဟာပြိုင်ဘက်အသင်းကို အလဲထိုးနိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ (NVS 008)

12 Jan

ADVERTISE HERE .