“ဘဏ္ဍာနှစ် ၉ လအတွင်း ဆန်၊ ဆန်ကွဲတန်ချိန်ပေါင်း ၂ သန်းကျော်ကို ပြည်ပသို့ တင်ပို့နိုင်ခဲ့”
12 Jan
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှာ ပြည်ပသို့ ဆန်တန်ချိန် ၃ သန်းတင်ပို့ရန် လျာထားပြီး ဧပြီလမှ ဒီဇင်ဘာလအထိ ဆန်တန်ချိန် ၂,၁၁၉,ဝ၁၁ တန်ချိန်တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၆၇၅ သန်း ရရှိထားပါတယ်။ ၂၀၂၅-၂ဝ၂၆ ခုနှစ်ဘဏ္ဍာနှစ် ဒီဇင်ဘာလအတွင်း ပြည်ပသို့ ဆန်၊ ဆန်ကွဲတန်ချိန် ၃၃၁,၈၆၉ တန်ချိန်တင်ပို့ခဲ့ ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRS)က ထုတ်ပြန်ထားပါတယ်။ အဆိုပါတင်ပို့မှုမှာ ဆန်တန်ချိန် ၂၃ဝ,၇၈၈ တန်ချိန်နှင့် ဆန်ကွဲတန်ချိန် ၁ဝ၁,ဝ၈၁ တန်ချိန်ကို ပင်လယ် ရေကြောင်းမှ ၃၂၇,၆၆၉ တန်ချိန်နှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ ၄,၂ဝဝ တန်ချိန်တင်ပို့ထားပါတယ်။ ဒီဇင်ဘာလမှာ ဆန်တင်ပို့မှုကုမ္ပဏီ ၇၂ ခုမှ နိုင်ငံပေါင်း ၂၄ နိုင်ငံကို တင်ပို့ခဲ့ရာ ဆန်ဝယ်ယူမှု ပထမအများဆုံး နိုင်ငံမှာ တရုတ်နိုင်ငံ၊ ဒုတိယအများဆုံးမှာ မာဒါဂတ်စကာ၊ တတိယအများဆုံးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ဖြစ်ပါတယ်။ ဆန်ကွဲကို နိုင်ငံပေါင်း ၁၁ နိုင်ငံသို့ တင်ပို့ရာ တရုတ်နိုင်ငံ၊ ဘယ်လ်ဂျီယံနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့က အများဆုံး ဝယ်ယူထားပါတယ်။ (NVS 004)