“နေပြည်တော်အဆင့်မြင့်အိမ်ရာစီမံကိန်းများအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များအား ဖိတ်ခေါ်ထား”

12 Jan

နေပြည်တော်မှာ အဆင့်မြင့်အိမ်ရာစီမံကိန်း ၃ ခုကို အလုံးစုံရင်းနှီးမြှုပ်နှံတည်ဆောက်ရန်အတွက် စိတ်ပါဝင်စားတဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်/ကုမ္ပဏီများကို Expression of Interest(EOI) တင်သွင်းဖို့ နေပြည်တော်စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ) မှ ဖိတ်ခေါ်ထားပါတယ်။ အဆိုပါ အင်ဂျင်နီယာဌာန(အဆောက်အအုံ)မှ နေပြည်တော်၊ ဇမ္ဗူသီရိမြို့ နယ်အတွင်းရှိ သပြေကုန်းရပ်ကွက်၊ ပျဉ်းမနား-တောင်ညိုလမ်း၏ အနောက်ဘက်၊ အမှတ်(၁) ရဲစခန်းအနီးရှိ မြေဧရိယာ ၈ ဧကခန့်ကို စီမံကိန်းနေရာ ၇ မှာ ၄ ခန်းတွဲ ၄ ထပ်အဆောက်အအုံ၊ မင်္ဂလာသိဒ္ဓိရပ်ကွက်၊ ဝဇီရရွှေပြည်လမ်း၏တောင်ဘက်၊ ကြက်စမြုပ် ဘုန်းကြီးကျောင်းအနီး မြေဧရိယာ ၁၆ ဧကခန့်ရှိ စီမံကိန်းနေရာ (၈) နှင့် မင်္ဂလာသိဒ္ဓိရပ်ကွက်၊ ရွှေကြာပင်လမ်း၏ အရှေ့ဘက်၊ သီရိရတနာ အဆင့်မြင့်ဈေးအနီး မြေဧရိယာ ၁၄ ဧက ခန့်ရှိ စီမံကိန်းနေရာ (၉) တို့တွင် ၄ ခန်းတွဲ ၆ ထပ် အဆောက်အအုံများ တည်ဆောက်မည့် အဆင့်မြင့်အိမ်ရာစီမံကိန်း ၃ ခုကို အလုံးစုံရင်းနှီးမြုပ်နှံတည်ဆောက်ရန် Developer လုပ်ငန်းရှင်/ကုမ္ပဏီများအား စိတ်ဝင်စားမှုဖော်ပြခြင်းလျှောက်လွှာ (Expression of Interest-EOI) ဖိတ်ခေါ်ထားခြင်းဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့် လုပ်ငန်းရှင်များအနေနဲ့ စိတ်ဝင်စားမှု EOI အဆိုပြုလွှာပုံစံနှင့် စည်းကမ်းချက်များကို နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ)မှာ ယခု ဇန်နဝါရီလ ၁၃ ရက်နံနက် ၁၀ နာရီမှစ၍ ကုမ္ပဏီဆိုင်ရာ အထောက်အထားမိတ္တူများပြသကာ လာရောက်ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။ အဆိုပါ EOI ဖောင်များကို ဇန်နဝါရီလ ၃၀ ရက်ညနေ ၄ နာရီတွင် နောက်ဆုံးထား၍ ပြန်လည်တင်သွင်း ရမှာဖြစ်ပြီး အသေးစိတ်အချက်အလက်များသိရှိလိုပါက အင်ဂျင်နီယာဌာန(အဆောက်အအုံ)သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ သိရပါတယ်။

12 Jan

ADVERTISE HERE .