ပရီးမီးယားလိဂ် ဒီဇင်ဘာလတစ်လတာ အကောင်းဆုံးဆုအတွက် ဆန်ခါတင်စာရင်းတွင် မန်စီးတီးအသင်းမှ ကစားသမားသုံးဦးထိပါဝင်
10 Jan
ပရီးမီးယားလိဂ်ပြိုင်ပွဲ ဒီဇင်ဘာလ တစ်လတာအကောင်းဆုံး ကစားသမားဆုအတွက် ဆန်ခါတင်စာရင်း ထုတ်ပြန်ခဲ့ရာ မန်စီးတီးအသင်းမှ ကစားသမားသုံးဦးထိ ပါဝင်ခဲ့ကြောင်း Espn သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ဒီဇင်ဘာလ တစ်လတာအကောင်းဆုံး ကစားသမားဆုအတွက် ဆန်ခါတင်စာရင်း တွင် သမားရှစ်ဦးပါဝင်ခဲ့ပြီး မန်စီးတီးအသင်းမှ ဟာလန်း၊ ဖိုဒန်၊ ချာကီ၊ လိဒ်ယူနိုက်တက်အသင်းမှ ကဲဘက်လီဝင်၊ လီဗာပူးလ်အသင်းမှ အီကီတီကီ၊ အေဗီလာအသင်းမှ ရော်ဂျာ၊ ဝက်စ်ကင်၊ ဖူလ်ဟမ်အသင်းမှ ဝီလ်ဆင် တို့ ပါဝင်လာခဲ့ ပါတယ်။ ဒီဇင်ဘာလအတွင်း ကျင်းပခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်များတွင် ဟာလန်း၊ ဖိုဒန်၊ ချာကီ တို့အနေဖြင့် မန်စီးတီးအသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်းပြသခဲ့ကြပြီး တစ်လတာအကောင်းဆုံး ကစားသမားဆုအတွက် ဆန်ခါတင်စာရင်းတွင် ပါဝင်လာခဲ့ကြပါတယ်။ မန်စီးတီးအသင်းနှင့် အကောင်းဆုံးခြေစွမ်းပြသခဲ့သည့် ချာကီ က ဆုရရှိရန်ရေပန်းစားနေပြီး ၎င်းအနေနဲ့ ဒီဇင်ဘာလအတွင်း ကစားခဲ့သည့် ပွဲစဉ်များတွင် သွင်းဂိုးနှစ်ဂိုးနှင့် ဂိုးဖန်တီးမှုလေးကြိမ် ပြုလုပ်နိုင်သည်ထိ ခြေစွမ်း ပြသနိုင်ခဲ့တာဖြစ်ပါတယ်။ အလားတူ ဒီဇင်ဘာလအတွက် တစ်လတာအကောင်းဆုံး နည်းပြဆုအတွက် ဆန်ခါတင်နည်းပြ စာရင်းတွင် မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ၊ လိဒ်ယူနိုက်တက်အသင်းနည်းပြ ဖာကီ၊ အာဆင်နယ်အသင်းနည်းပြ အာတီတာ နှင့် အေဗီလာအသင်းနည်းပြ အူနိုင်းအမ်မရီ တို့ပါဝင်လာခဲ့ကြောင်း သိရပါတယ်။(NVS 008)