အယ်လ်ဟီလယ်အသင်းက မန်ယူအသင်းမှ ဖာနန်ဒက် ကို စတာလင်ပေါင် သန်း ၁၀ဝ ဖြင့် ခေါ်ယူရန်ပြင်ဆင်
10 Jan
ဆော်ဒီပရိုလိဂ်ထိပ်တန်းကလပ် အယ်လ်ဟီလယ်အသင်းက မန်ယူအသင်းနှင့် အနာဂတ်မရေမရာ ဖြစ်နေတဲ့ ဖာနန်ဒက် ကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးဖြစ်သည့် စတာလင်ပေါင် သန်း ၁၀၀ ဖြင့် ခေါ်ယူရန် ပြင်ဆင်နေကြောင်း Goal.com သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ ဖာနန်ဒက် ဟာ ၂၀၁၉ ခုနှစ်က စပို့တင်းလစ္စဘွန်းအသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် အသင်းနှင့်အတူ ဘောလုံးရာသီတိုင်းမှာ အကောင်းဆုံးခြေစွမ်းပြသခဲ့ကာ လက်ရှိပရီးမီးယားလိဂ် ပြိုင်ပွဲတွင် အကောင်းဆုံး ကွင်းလယ်ကစားသမားများမှာ ရပ်တည်နေသူဖြစ်ပါတယ်။ ပြီးခဲ့တဲ့နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလကတည်းက ဆော်ဒီထိပ်တန်းကလပ်အသင်းများက ဖာနန်ဒက် ကိုခေါ်ယူရန် ကမ်းလှမ်းခဲ့ဖူးပြီး မန်ယူအသင်းကလည်း ထိုက်သင့်တဲ့ကမ်းလှမ်းမှုဖြစ်ပါက လက်ခံ သွားမယ်လို့ ကြေညာခဲ့ပြီးနောက် ၎င်းကိုယ်တိုင်က အစောပိုင်းတွင် အသင်းမှထွက်ခွာရန် အစီအစဉ်မရှိသော်လည်း အသင်း၏လုပ်ရပ်ကြောင့် အနာဂတ်မသေချာတော့ကြောင်း ပြောကြားခဲ့ပါတယ်။ အယ်လ်ဟီလယ်အသင်းက မန်ယူအသင်းနှင့် ဖာနန်ဒက် တို့ဆက်ဆံရေး တင်းမာမှုများကို အခွင့်ကောင်းယူပြီး လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် စတာလင်ပေါင် သန်း ၁၀၀ ဖြင့် ခေါ်ယူရန် ပြင်ဆင် နေခြင်းဖြစ်ကြောင်း သိရပါတယ်။(NVS 008)