“ဩစတြေးလျအိုးပင်း တစ်ဦးချင်းပွဲစဉ်ကို ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိတဲ့ ကာဂျီယော့စ်”

10 Jan

ဩစတြေးလျတင်းနစ်သမား ကာဂျီယော့စ် က တစ်ဦးချင်းပွဲစဉ်တွေမှာ ယှဉ်ပြိုင်ဖို့အတွက် လုံလောက်တဲ့ ကြံ့ခိုင်မှုမရှိသေးတာကြောင့် လာမယ့် ဩစတြေးလျအိုးပင်းမှာ တစ်ဦးချင်းပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ ကြေညာခဲ့ပါတယ်။ အသက် ၃၀ အရွယ် ကာဂျီယော့စ် ဟာ ၂၀၁၅ ဩစတြေးလျအိုးပင်းပြိုင်ပွဲ တစ်ဦးချင်းပွဲစဉ်မှာ ကွာတားဖိုင်နယ် အဆင့်အထိ ရောက်ခဲ့ဖူးသူဖြစ်ပေမယ့် အခုနောက်ပိုင်းနှစ်တွေမှာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေခဲ့ရပါတယ်။ ဒါကြောင့်လည်း ဇန်နဝါရီလ ၁၈ ရက်မှာစတင်မယ့် ဩစတြေးလျအိုးပင်းပြိုင်ပွဲမှာ ကာဂျီယော့စ် က နှစ်ယောက်တွဲပွဲစဉ်တွေကိုသာ ဝင်ပြိုင်ဖို့အတွက် ဆုံးဖြတ်ထားပြီး သူ့ရဲ့ ကြံ့ခိုင်မှုအခြေအနေကို စမ်းသပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာပြီးဖြစ်ပေမယ့် တစ်ဦးချင်းပွဲတွေက အချိန်ကြာကြာယှဉ်ပြိုင်ရတာ ကြောင့် အဆင်သင့်မဖြစ်သေးလို့ အခုလိုဆုံးဖြတ်ချက်ခဲ့ရကြောင်း ကာဂျီယော့စ် က ပြောကြားခဲ့ပါတယ်။ (NVS 008)

10 Jan

ADVERTISE HERE .