“PSG နည်းပြဘဝ ၁၀ ခုမြောက်ဆုဖလားကို ရယူခဲ့တဲ့ အန်းနရစ်”

10 Jan

PSG အသင်းရဲ့ နည်းပြ အန်းနရစ် ဟာ PSG နည်းပြဘဝမှာ ၁၀ ခုမြောက်ဆုဖလား ရယူနိုင်ခဲ့ပါတယ်။ PSG အသင်းဟာ ပြင်သစ်စူပါဖလား ဗိုလ်လုပွဲမှာ မာဆေးလ်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့တာကြောင့် အန်းနရစ် အတွက် ၁၀ ခုမြောက်ဆုဖလားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ၂၀၂၅ ပြင်သစ်စူပါဖလားပွဲကို ကူဝိတ်နိုင်ငံမှာ ယှဥ်ပြိုင်ကစားခဲ့တာဖြစ်ပြီး PSG နဲ့ မာဆေးလ်တို့ ပုံမှန်ပွဲ ကစားချိန်အတွင်း တစ်ဖက် ၂ ဂိုးစီနဲ့ သရေကျခဲ့တာကြောင့် ပယ်နယ်တီကန်သွင်းရာမှာ PSG က ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ အန်းနရစ် က PSG အသင်းနဲ့အတူ ပြင်သစ်စူပါဖလား ၃ ကြိမ်၊ ပြင်သစ်လီဂူးချန်ပီယံဆု ၂ ကြိမ်၊ ပြင်သစ်ဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ်၊ အင်တာကွန်တီနင်တယ်ဖလားနဲ့ ဥရောပစူပါဖလား ၁ ကြိမ်စီ ရယူနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ PSG အသင်းဟာ ပြင်သစ်စူပါဖလားမှာ ဆုဖလား ၁၄ ကြိမ်ရရှိထားတဲ့ အအောင်မြင်ဆုံးအသင်းဖြစ်ပြီး နောက်ဆုံး ၄ နှစ်ဆက်တိုက် ချန်ပီယံဆု ရယူနိုင်ခဲ့ပါတယ်။ (NVS 008)

10 Jan

ADVERTISE HERE .