“ဆယ်မီညို ကို ခေါ်ယူခဲ့တဲ့ မန်စီးတီးအသင်း”
10 Jan
မန်စီးတီးအသင်းဟာ ဘုန်းမောက်တောင်ပံကစားသမား ဆယ်မီညို ကို ပေါင် ၆၂ ဒသမ ၅သန်းနဲ့ ခေါ်ယူ နိုင်ခဲ့ခြင်းဖြစ်ပြီး ၂၀၃၁ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ဆယ်မီညို အတွက် အပိုဆုကြေးအပါအဝင် ပေါင် ၆၅ သန်းလောက် ကုန်ကျနိုင်ပါတယ်။ ဆယ်မီညို ဟာ မန်စီးတီးအသင်းနဲ့ ၂၀၃၁ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ပြီး ယာယာတိုရေး ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၄၂ ကို ဆက်ခံကစားမှာဖြစ်ပါတယ်။ ဆယ်မီညို အနေနဲ့ အခုရာသီမှာ ပရီးမီးယားလိဂ်ပွဲစဉ် ၂၀ ပွဲကစားပြီး ၁၀ ဂိုး သွင်းထားကာ သွင်းဂိုးတတိယအများဆုံးအဖြစ် ရပ်တည်နေတယ်။ မန်စီးတီးနည်းပြ ဂွါဒီယိုလာ က ဆယ်မီညို ကို အိတ်စ်တာအသင်းနဲ့ FA ဖလား တတိယအဆင့်ပွဲ လူစာရင်းမှာ ထည့်သွင်းသွားမယ်လို့ အတည်ပြုခဲ့ပါတယ်။ (NVS 008)
10 Jan