“ဆာကာ ကို စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှုရရှိခဲ့တဲ့ အာဆင်နယ်အသင်း”
10 Jan
အာဆင်နယ်အသင်းဟာ တိုက်စစ်ကစားသမား ဆာကာ ကို စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။ အသက် ၂၄ နှစ်ရှိပြီတဲ့ ဆာကာ ဟာ အာဆင်နယ်အသင်းနဲ့ ငါးနှစ်သက်တမ်းရှိ စာချုပ်သစ်ကို ၂၀၃၁ ခုနှစ်အထိချုပ်ဆိုမှာဖြစ်တဲ့အပြင် စာချုပ်သစ်အရ အသင်းရဲ့လစာအများဆုံး ကစားသမားတွေထဲမှတစ်ဦး ဖြစ်လာ ခဲ့ပါတယ်။ ဆာကာ ဟာ ၂၀၁၈ ခုနှစ်မှာ အာဆင်နယ်အသင်းသို့ ရောက်ရှိလာခဲ့ပြီး အသင်းအတွက် အဓိကကစားသမား တစ်ဦး ဖြစ်လာခဲ့ပါတယ်။ လက်ရှိရာသီမှာ အသင်းအတွက် ၂၇ ပွဲကစားခဲ့ပြီး ခုနစ်ဂိုးသွင်း၊ ခြောက်ဂိုး ဖန်တီး ထားပါတယ်။ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီကလည်း အသင်းကစားသမားတွေဖြစ်တဲ့ ဆာလီဘာ၊ ဂါဘရီရယ်၊ နဝမ်နာရီနဲ့ လူးဝစ်ဆကယ်လီ တို့ကို သက်တမ်းရှည်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ (NVS 008)
10 Jan