“COVID-19 Omicron XBB နှင့် ပတ်သက်၍ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေသောအချက်အလက်များ မှန်ကန်မှုမရှိ”

10 Jan

SARS-COV2 Variant Omicron မျိုးရိုးဗီဇပြောင်းရောဂါပိုး XBB နှင့် ပတ်သက်၍ လူမှုကွန်ရက်ပေါ်၌ ပျံ့နှံ့နေသော အချက်အလက်များက မှန်ကန်မှုမရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနကနေ သိရပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ကမ္ဘာ့နိုင်ငံများ၊ ဒေသတွင်းနှင့် မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်မှု များအရ ၂၀၂၅ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလများအတွင်း ကမ္ဘာ့နိုင်ငံများမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု မြင့်တက် လာခြင်းမရှိဘဲ စစ်ဆေးတွေ့ရှိရသော ကိုဗစ်-၁၉ ရောဂါပိုးအမျိုးအစားမှာ အဓိကအားဖြင့် SARS-COV2 Variant Omicron မျိုးရိုးဗီဇပြောင်း : XFG (57.94%), KP.3.1.1 (11.21%), ΝΒ.1.8.1 (11.21%), JN.1 (7.48%), 3: (12%)တို့သာ ဖြစ်ပါတယ်။ COVID-19 Omicron XBB ဗီဇပြောင်းမျိုးကွဲရောဂါပိုးသည် စတင်တွေ့ရှိခဲ့သည့် ၂၀၂၃ ခုနှစ် အတွင်း ကူးစက်ဖြစ်ပွားမှု မြင့်တက်ခဲ့သော ရောဂါပိုးဖြစ်ပြီး လက်ရှိတွင် ကူးစက်ဖြစ်ပွားမှုမရှိတော့ဘဲ ၄င်း၏ ဗီဇပြောင်းမျိုးကွဲ ရောဂါပြင်းထန်မှုမရှိတဲ့ ရောဂါပိုးများကိုသာ တွေ့ရှိရတာဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ဒေသတွင်းကျန်းမာရေးအဖွဲ့အစည်းများအနေဖြင့် သတိပေးချက်များ ထုတ်ပြန် ထားခြင်း မရှိကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ကိုဗစ်-၁၉ ရောဂါ၊ ဆောင်းရာသီကာလအတွင်း အဖြစ် များသော ရာသီတုပ်ကွေးရောဂါအပါအဝင် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်တတ်သောရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်းကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး အသိပေးချက်များ၊ ကျန်းမာရေးအသိပညာပေး များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ထားရှိသည့်အတွက် ပြည်သူလူထုအနေဖြင့် အဆိုပါထုတ်ပြန်ချက်များအတိုင်း တိကျစွာလိုက်နာဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း ကျန်းမာရေးဝန်ကြီးဌာနကနေ သိရပါတယ်။ (NVS 004)

10 Jan

ADVERTISE HERE .