“ကျိုက်ထီးရိုးတောင်တက်ကားများ ပြေးဆွဲချိန် တိုးမြှင့်ပေးနိုင်ရန် စီစဉ်နေ”

10 Jan

ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးကို လာရောက်ဖူးမြော်တဲ့ ဘုရားဖူးခရီးသည်များ အဆင်ပြေစေရန် တောင်တက်ကား ပြေးဆွဲချိန်ကို ပိုမိုတိုးမြှင့်ပြေးဆွဲပေးသွားရန် စီစဉ်နေကြောင်း ဂေါပကအဖွဲ့ကနေ သိရပါတယ်။ လက်ရှိတွင် ဘုရားဖူးခရီးသည်များအတွက် နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ တောင်တက်ကား ၁၅၂ စီးနဲ့ ပြေးဆွဲပေးနေခြင်းဖြစ်ကာ ဘုရားဖူးခရီးသည်များ ယခုထက်ပိုများလာပါက အချိန်တိုးမြှင့်ပြေးဆွဲပေးသွားမယ်လို့ ဂေါပကအဖွဲ့ကနေ သိရပါတယ်။ ဘုရားဖူးလာရောက်ကြသည့်ပြည်သူများ၊ အန္တရာယ်ကင်းဝေးစေရန်နှင့် စိတ်ချမ်းမြေ့စွာ ဘုရားဖူးမြော်နိုင်ရန် အတွက် စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့နှင့် တာဝန်ရှိသူများက လုံခြုံရေး၊ အခမဲ့တည်းခိုနေထိုင်ရေး၊ စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ကြပ်မတ်ဆောင်ရွက် ပေးလျက်ရှိပါတယ်။ (NVS 004)

10 Jan

ADVERTISE HERE .